ရင်ဘတ်ပွင့်ထွတ်နေသူ တစ်ယောက်ရဲ့ နေ၀င်နေထွတ်ရာသီ
Published by ဗညားရှိန် under ကဗျာ on Wednesday, February 10, 2010.
ဖြူစင်တဲ့ နှလုံးသားက
မုသာဝါဒ လှိုင်းတွေကို မတွန်းလှန်နိုင်တော့
ကမ်းပါးပြိုမှ ရင်ဘတ် လှိုက်စားခံရမှန်း သိလိုက်ရတယ်
လိမ်ညာမှုကောင်းကင်အောက်မှာ အရိပ်ခိုမိခဲ့တဲ့ ... ငါ
မနေတတ်တဲ့ မနက်တွေအတွက်
တချို့ တ၀က်တော့ ပေးဆပ်လိုက်ရပြီ .. . . . . . . . . ( ညရဲ့ကောင်းကင် )
ရှိန်းခနဲ . . . . . . . .
နာကျင်မှုတွေ ရင်ဘတ်ရှေ့က ဖြတ်ပြေးသွားတယ်
တဆတ်ဆတ် ခုန်လာတဲ့ အသားတွေ
မာနကို ခေါင်းပုတ်နိုး
အချစ်ဆိုတာ ရေရောက်သောက်တတ်တဲ့
နမ်မီးဆစ် နတ်သမီးရဲ့မာယာနဲ့
ငါ့ရင်ဘတ်ကို မင်း အခါးရောင် ဆိုးခဲ့တယ် . . . . . . . . ( ဗညားရှိန် )
ထားခဲ့စမ်းပါ . . . .
သစ္စာမဲ့ပန်းတွေ ကြွေလာရင်တောင်မကောက်ဘူး
ငါမာနနဲ့ နေရောင်အောက်မှာ
အခေါက်ခေါက်တောက်လောင်လာတာ
နေဆယ်စင်းထွက်စေအုန်း
ငါ့ ရင်ဘတ်ပျိုကို မယိမ်းစေတော့ဘူး . . . . . . . . . . . . ( ညရဲ့ကောင်းကင် )
ငါမသိလိုက်တဲ့ ဗျုဟာအခင်းအကျင်းနဲ့
တံပိုးမမှုတ်ပဲ မင်း စတိုက်ခဲ့တဲ့ စစ်ပွဲ
ငါဟာ ရှုံးနိမ့်သူတစ်ယောက်ဖြစ်ခဲ့ရင်တောင်
ဖြူစင်တဲ့ နှလုံးသားက
မုသာဝါဒ လှိုင်းတွေကို မတွန်းလှန်နိုင်တော့
ကမ်းပါးပြိုမှ ရင်ဘတ် လှိုက်စားခံရမှန်း သိလိုက်ရတယ်
လိမ်ညာမှုကောင်းကင်အောက်မှာ အရိပ်ခိုမိခဲ့တဲ့ ... ငါ
မနေတတ်တဲ့ မနက်တွေအတွက်
တချို့ တ၀က်တော့ ပေးဆပ်လိုက်ရပြီ .. . . . . . . . . ( ညရဲ့ကောင်းကင် )
ရှိန်းခနဲ . . . . . . . .
နာကျင်မှုတွေ ရင်ဘတ်ရှေ့က ဖြတ်ပြေးသွားတယ်
တဆတ်ဆတ် ခုန်လာတဲ့ အသားတွေ
မာနကို ခေါင်းပုတ်နိုး
အချစ်ဆိုတာ ရေရောက်သောက်တတ်တဲ့
နမ်မီးဆစ် နတ်သမီးရဲ့မာယာနဲ့
ငါ့ရင်ဘတ်ကို မင်း အခါးရောင် ဆိုးခဲ့တယ် . . . . . . . . ( ဗညားရှိန် )
ထားခဲ့စမ်းပါ . . . .
သစ္စာမဲ့ပန်းတွေ ကြွေလာရင်တောင်မကောက်ဘူး
ငါမာနနဲ့ နေရောင်အောက်မှာ
အခေါက်ခေါက်တောက်လောင်လာတာ
နေဆယ်စင်းထွက်စေအုန်း
ငါ့ ရင်ဘတ်ပျိုကို မယိမ်းစေတော့ဘူး . . . . . . . . . . . . ( ညရဲ့ကောင်းကင် )
ငါမသိလိုက်တဲ့ ဗျုဟာအခင်းအကျင်းနဲ့
တံပိုးမမှုတ်ပဲ မင်း စတိုက်ခဲ့တဲ့ စစ်ပွဲ
ငါဟာ ရှုံးနိမ့်သူတစ်ယောက်ဖြစ်ခဲ့ရင်တောင်
အောင်မြင်စွာနဲ့ပဲ ဆုတ်ခွါမယ် . . .
သုံ့ ပန်း တော့ မဖြစ်စေရဘူး ဧကရီ . . . . . . . . . . . . . . ( ဗညားရှိန် )
ငါ့... ဘ၀ရဲ့ နေ၀င်နေထွက်တွေမှာ
ရင်ခွင်တွေ ထပ်မပျက်ရအောင်
အသည်းနှလုံးကို စကာတင်လို့
ရာသီတွေ ရပ်တန့်ပစ်မယ်
မာယာတံခါးဝမှာလည်း
ကာဘာတွေ အထပ်ထပ်ဝတ်လို့ပေါ့ . . . . . . . . . . . . . ( ညရဲ့ကောင်းကင် )
အသည်းမရှိတော့တဲ့ ညရဲ့ကောင်းကင်
အလွမ်းသေသွားတဲ့ နတ်ဆိုးပုရပိုဒ်
ထုတ်ချင်းပေါက်နေတဲ့ ရင်ဘတ်တွေနဲ့
နှင်းခေတ်မှာ ကြွေသွားတဲ့ အနာဂတ်တွေအောက်
ငါ့တို့နေ့ရက်တွေ မပီမသ ရိတ်သိမ်းခံလိုက်ရတယ် . . . . . . ( ဗညားရှိန် )
သုံ့ ပန်း တော့ မဖြစ်စေရဘူး ဧကရီ . . . . . . . . . . . . . . ( ဗညားရှိန် )
ငါ့... ဘ၀ရဲ့ နေ၀င်နေထွက်တွေမှာ
ရင်ခွင်တွေ ထပ်မပျက်ရအောင်
အသည်းနှလုံးကို စကာတင်လို့
ရာသီတွေ ရပ်တန့်ပစ်မယ်
မာယာတံခါးဝမှာလည်း
ကာဘာတွေ အထပ်ထပ်ဝတ်လို့ပေါ့ . . . . . . . . . . . . . ( ညရဲ့ကောင်းကင် )
အသည်းမရှိတော့တဲ့ ညရဲ့ကောင်းကင်
အလွမ်းသေသွားတဲ့ နတ်ဆိုးပုရပိုဒ်
ထုတ်ချင်းပေါက်နေတဲ့ ရင်ဘတ်တွေနဲ့
နှင်းခေတ်မှာ ကြွေသွားတဲ့ အနာဂတ်တွေအောက်
ငါ့တို့နေ့ရက်တွေ မပီမသ ရိတ်သိမ်းခံလိုက်ရတယ် . . . . . . ( ဗညားရှိန် )
.




16 comments:
ဒီညီအကို နှစ်ယောက်တော့ မပြောချင်တော့ဘူး။ ပြောတော့ မမနွယ်ပိုစ့်ကို ဖတ်ပြီး ကြိုးစားပ့ါမယ်ဆို..။
မောင်လေးရေ.... နှစ်ယောက်လုံးရဲ့ ကဗျာလေးတွေကို ရင်နဲ့ခံစားပြီး ဖတ်သွားတယ်နော်။ စိတ်လည်းမကောင်း ဖြစ်ရတယ်။
ခင်မင်လေးစားလျှက်
မမနွယ်
နှစ်အိပ်မက် တစ်ယောက်ပေါ့
ဟာ...နတ်ဆိုးနဲ့ ညကောင်းကင် ရီမစ်လား..
တူးအင်ဝမ်းလား...ခံစားချက်တူတဲ့ အိပ်မက်နှစ်ခုလား...။ ဘယ်လိုပဲဖြစ်ဖြစ် မောင်လေးနှစ်ယောက်စလုံးကတော့ ရင်ဘတ်ထဲက အရာတွေကို အနုပညာနဲ့ပြသနိုင်ခဲ့ကြပြီ..။
ခင်မင်စွာဖြင့်
မိုးငွေ့
အင်းကဗျာက ဘယ်လောက်တောင်ခံစားချက်ပြင်းနေတာလည်း
ဆိုတာတော့ ဒီကဗျာဖတ်သူတိုင်း(ကဗျာမခံစားတတ်သူတွေ
တောင် ) နားလည်ခံစားမိလောက်ပါတယ် . . . စိတ်လည်း
မကောင်းဘူးဗျာ ဒီကြားထဲ ကိုညနဲ့ ကိုဗညားက အဖြစ်တူတွေပေါင်း
မိသွားကြတော့ပိုဆိုးရော ကဗျာဆရာဆိုတာအသဲကွဲဖို့ များ
မွေးဖွားလာတာလားဗျာ ???????????????????
ဒီကဗျားလေး ကျွန်တော်ကြိုက်တယ်ဗျ။ အတိုင်အဖေါက်လည်း ညီတယ်။
ဟင်း
ကွဲကြတယ် ..း))
ကြိုက်တယ် နားလည်တယ် .. ခံတော့ မခံစားသွားတော့ဘူး :D
အဆင်ပြေ ပျော်ရွှင်ပါစေ ..း))
(၂ယောက်လုံး :D)
ဗညားရေ...
(ကိုတူးရော...)
ကောင်းလိုက်တဲ့ အဖွဲ့လေးတွေပဲဗျာ...။
သစ္စာမရှိတတ်တဲ့ သူတွေအတွက် နှလုံးသားမှာနေရာမပေးပဲ နေသွားနိုင်ကြပါစေလို့ အစ်ကိုဆုတောင်းပေးတယ်...။ ကဗျာလေးကိုလည်း...ရင်ဘတ်နဲ့ဖတ်သွားတယ်...။
သစ္စာမဲ့တဲ့သူတွေရဲ့ ညနေချမ်းကတော့ တိမ်ရောင်တွေမတောက်နိုင်မှာ အမှန်ပါပဲ...။
တောက်ခဲ့ရင်တောင် ကောက်ရိုးမီးနဲ့ ခပ်ဆင်ဆင်နေမှာပါ...။
ခင်မင်တဲ့
ဏီလင်းညို
လန်ထွက်နေတာပဲ .. စာလုံးတွေ စကာလုံးတွေက နှလုံးသားကို တည့်တည့်ကြီးကို ဝင်ဆောင့်တယ် ..
ကဗျာ စာအုပ်လေးပေါင်းထုတ်ကြရင်တောင် ကောင်းမယ်..
သက်အောင် (ကလောင်တိုက်ပွဲ)
ကောင်းလိုက်တဲ့ကဗျာလေး ... နှစ်ယောက်စလုံးရေးထားတာမိုက်တယ် ... ကဗျာဆိုတာ အလွမ်းပါမှ ပိုဖတ်ကောင်းတယ် ... အသည်းများများကွဲလေ ကဗျာ များများရေးလို့ကောင်းလေပဲ ...
အတိုင်အဖောက်ညီတဲ့ ရင်ဘတ်ထဲက သံစဉ်လေးတွေ လာခံစားတယ်ဗျိုးးးးးးးး အပေါ်ကတစ်ယောက်ကတော့ ပြောတယ်. (ကဗျာဆိုတာ အလွမ်းပါမှ ပိုဖတ်ကောင်းတယ် ... အသည်းများများကွဲလေ ကဗျာ များများရေးလို့ကောင်းလေပဲ ...)
ကဗျာလေးတွေရော မကြယ်ပြာရဲ့ ကွန်မန့်လေးရော သိပ်ကြိုက်တယ်။ သဘောကျတယ်ဗျာာာာာ....
သမီးကဗျာတော့ လုံးဝမရေးတတ်ဘူး။ ဒါပေမယ့်...ဒါပေမယ့်.... ဟဲဟဲ ထိပ်ဆုံးကစီးကရက်ပါ။ ခိခိ
ကဗျာလေးကအတော်ကောင်းပါတယ်
ဗညားရေ...
ကဗျာလေး ခံစားပြီးဖတ်သွားတယ်နော်...
တယောက်ထဲရေးတဲ့ ကဗျာတွေတောင် တအားကောင်းနေတာ..
၂ယောက်ပေါင်းရေးတဲ့ကဗျာဆိုတော့...အရမ်းကောင်းပြီပေါ့...
အားပေးလျှက်...
ခုပဲ ကိုကောင်းကင်ဆီမှာရေးခဲ့တယ်.... ကဗျာတွေက အရမ်းကို လန်းနေပေမယ့် နောက်ကွယ်က ဇာတ်လမ်းတွေကတော့ မလန်းဘူး....း(... နေ၀င်ပြီးတဲ့နောက်မှာ နေထွက်ချိန်ကို စိတ်အေးအေးထား စောင့်ကြပါလို့ပဲ တိုက်တွန်းပါရစေ....
ခင်မင်တဲ့
ဂျပန်ကောင်လေး
ကဗျာက အရမ်းအရမ်းကို ကောင်းတယ်ဗျာ... ဒါပေမဲ့ ရင်ဘတ်ပွင့်ထွက်ပြီး ရေးထားတဲ့ကဗျာလေးဆိုတော့ ဖတ်ရတာ ရင်ထဲအက်တယ်...နှစ်ယောက်စလုံးဗျာ အလင်းသစ်နဲ့  ပျိုးမဲ့ ရောင်နီဦးလှလှလေးကဗျာတွေ မြန်မြန်ဖွင့်အန်နိုင်ကြပါစေလို့ ဆုတောင်းလိုက်တယ်....
ခင်မင်လျက်
တလနွန်
ညရဲ့ကောင်းကင်နဲ့ တပိုက်စီရေးတာလား
စိတ်ကိုခံစားရစေတဲ့ .. လွမ်းဆွတ်တိမ်းမူးစေတဲ့ အကြောင်းအရာတွေကိုဖွဲ့ဆိုတိုင်းမှာ ဖတ်တဲ့သူတွေက ဘာလို့.. အသဲကွဲနေတယ် .. ၀မ်းနည်းနေတယ်.. နာကျင်နေတယ်လို့ ထင်နေကြရတာလဲကိုရှိန် ..
ကဗျာဆိုတာ ချစ်တတ်မှ .. နာကျင်ရမှ .. လွမ်းဆွတ်ရမှ ဖြစ်ပေါ်လာနိုင်တာမျိုးမှ မဟုတ်တာ.. လှပတဲ့အရာ .. ကဗျာမျက်စိနဲ့ ရသနှလုံးသားတို့ပေါင်းစပ်သွားတဲ့အချိန်မှာ ကဗျာဆိုတာ ဖြစ်လာတာပဲလေ ..
တစ်ခါတလေ ကျနော်စဉ်းစားကြည့်မိဖူးတယ်။ သူတို့တွေ တကယ်ဖတ်ပြီး တကယ်ခံစားပြီးမှ ကွန်းမန့်ပေးကြတာလားလို့လေ .. =)
ကျနော့်မှာ အချိန်ပိုရယ်လို့ သိပ်တော့မရှိလှပါဘူး.. ကျနော်က ၂၄နာရီမှာ နံနက်ရယ် နေ့လည်ရယ် ညရယ်ဆိုပြီး ခွဲပြီးအလုပ်လုပ်နေရတဲ့ အလုပ်သမားတစ်ယောက်လေ.. ကျနော် ဘလော့ရေးတယ်.. စာဖတ်တယ်.. ဘလော့လည်တယ်ဆိုတာတွေက တကယ်တော့ ကျနော့်ရဲ့ အိပ်ချိန်တွေထဲကနေ ပေးလိုက်ရတာပါ။ ကျနော်သွားလည်လိုက်တဲ့အိမ်က ကျနော့်ကို သုတရသ .. ခံစားချက်နဲ့ အဓိပါယ်တစ်ခုခုကိုမှ မပေးဘူးလို့ ခံစားရတယ်ဆိုရင်လေ .. ကျနော့်ရဲ့ ကုန်သွားတဲ့အချိန်တွေကို သိပ်နှမြောမိတယ်.. နောက်ပြီး သိပ်ကိုဝမ်းနည်းရတယ်။ သူ ကျနော်ရဲ့အချိန်တချို့ကို ခိုးယူသွားတယ်လို့လဲ ခံစားရတယ်။ နောက် ကျနော့်မျက်စိပါဝါတိုးပါပြီဆိုပြီး စိတ်ဆိုးမိရတတ်တယ်။ နောက် ကျနော့်ကွန်ပြူတာကို ကျနော် ပြန်အားနာမိရတယ်။
ဒါပေမယ့် ကိုရှိန်သိလား .. ကျနော့်အတွက် သိပ်အဓိပါယ်ရှိတဲ့အိမ်တချို့ကတော့ ခိုင်ခိုင်မာမာနဲ့ကို တည်ရှိနေခဲ့ပါတယ်။ အဲ့ဒီအိမ်တွေရဲ့ နောက်ဆုံးကွန်းမန့်တွေမှာ ကျနော့်ကိုတွေ့နိုင်မယ်ထင်ပါရဲ့။ အဲ့ဒီအိမ်တွေထဲမှာ ဗညားရှိန်ဆိုတဲ့ အိမ်တစ်အိမ်ကလဲ အတိအကျကို ပါဝင်နေခဲ့တယ်။
တကယ်ပါ .. ကျနော် လှိုက်လှိုက်လဲလဲကို ချီးကျူးပါတယ် .. ခင်ဗျားတို့နှစ်ယောက်စလုံး သိပ်ကိုထက်မြက်လွန်းပါတယ်ဗျာ .. တကယ်ကို ကဗျာနှလုံးသားကိုယ်စီနဲ့ ရှင်သန်နေကြပါတယ် .. တော်ပါပေတယ်ဗျာ ... ။
Post a Comment