Sunrays

Blogger Template by ThemeLib.com

". . ရူး . . "

Published by ဗညားရှိန် under on Friday, February 05, 2010
.
ညတွေ . . . တိတ်ဆိတ်သံတွေ . . .
ငါ့အိမ်မက်တွေ . . . .
အရာရာဟာ ညှင်ညှင်သာသာ လောင်ကျွမ်းနေရုံလေး . . . .
 

ယိမ်းသွားတဲ့ စွယ်တော်ရွတ်တစ်ခြမ်း . .
ကပိုကရို မျက်နှာလေးနဲ့
ငါ့အရှေ့မှာ မင်းထပ်ရှိုက်ပြဦးမယ် ထင်ပါရဲ့ . . . . .
 
ဧကရီ . . .
ရင်ဘတ်တစ်ခြမ်းမှာ မင်းနှက်ခဲ့တာ . . .
အလွမ်းရောင်  ခပ်ပါးပါးလေးပါ
ဒါပေမဲ့ . . . . . .
အဆိပ်တော့ ပြင်းတယ်
ငါ့စိတ်နဲ့ ငါ့ကိုယ်
ငါမသိပဲ စကားပြန်ပြောနေတယ် . . . . . .

ကြေကွဲပြီးသားပါ . . .
တစ်ဘ၀လုံးစာ နာကျင်သံတွေ
အစိမ်းရောင် မာယာသံတွေ
ရက်စွဲတွေနဲ့ အတိတ်ပန်ချီကားတွေ
နှုတ်ဆက်သံမကြားရတဲ့ နောက်ဆုံးအိမ်မက်တွေ
ဒီလိုနဲ့ . . . . . . ဒီလိုနဲ့ . . . . . . .
ငါ့ညတွေ ယဉ်ယဉ်လေးနဲ့ ရူးနေခဲ့တယ် . . . . .

ဗညားရှိန် ( 6.2.10 , 11း20 PM )

15 comments:

ဒဏ္ဍာရီ said... @ February 5, 2010 1:19 PM

ဗညားရေ... ကဗျာလေးကို ဖတ်ရင်း စိတ်မကောင်း ဖြစ်ရတယ်။ ခတ်ပြင်းပြင်း အဆိပ်တွေကြောင့် အဆိပ်သင့် ဒဏ်ရာတွေကို နာကျင်စွာ ခံစားရပြီးပြီလေ။ နောင်လာမယ့် အချိန်တွေအတွက် အင်အားသစ်တွေ မွေးပြီး ဒီအဆိပ်တွေကို ခံနိုင်ရည် ရှိအောင် ကြိုးစားပါ။ မမနွယ်က ကဗျာမစပ်တတ်ပေမယ့် ကဗျာရှင်ရဲ့ ခံစားချက်တွေကို နားလည်နိုင်ပါတယ်။ မောင်လေးဗညား ပျော်ရွှင်ချမ်းမြေ့ပါစေ..။

ခင်မင်လေးစားလျှက်

desertraindrops said... @ February 5, 2010 2:26 PM

ကဗျာလေး ခံစားသွားတယ်။ တဘ၀လုံးစာ နာကျင်နေရတာတွေ ပျောက်ပါစေနော့

မြတ်မွန် said... @ February 5, 2010 5:11 PM

တစ်ဘ၀လုံးစာ နာကျင်သံတွေ
အစိမ်းရောင် မာယာသံတွေ
ရက်စွဲတွေနဲ့ အတိတ်ပန်ချီကားတွေ
နှုတ်ဆက်သံမကြားရတဲ့ နောက်ဆုံးအိမ်မက်တွေ
ဒီလိုနဲ့ . . . . . . ဒီလိုနဲ့ . . . . . . .
တစ်စ...တစ်စ..တစ်ဖြေးဖြေး ပျောက်ကွယ်နိုင်ပါစေ..ကိုဗညား...ရေ...
ခင်မင်လေးစားလျှက်။

နွေဆူးလင်္ကာ said... @ February 5, 2010 6:13 PM

ကျနော့် ညတွေကတော့ သွပ်သွပ်ခါ ဘဲဗျို့ :-)

kokomaung.uk said... @ February 6, 2010 5:15 AM

ကျနော်ကတော့ ကျနော့်ရဲ့ နေ့ရော ညရော ရူးချင်သလိုလိုပါဘဲဗျာ။

~ဏီလင်းညို~ said... @ February 6, 2010 8:24 AM

ဗညားညီလေး....
“ငါ့စိတ်နဲ့ ငါ့ကိုယ်
ငါမသိပဲ စကားပြန်ပြောနေတယ် ”. . . . . .
ဆိုပါလားကွာ....း(
(ကဗျာလည်းဖတ်ပြီးရော... ဘာပြောရမှန်းတောင်မသိတော့ပါဘူးကွာ....)
ခင်မင်တဲ့
ဏီလင်းညို

ကြည်ဖြူပိုင် said... @ February 6, 2010 9:16 AM

ကဗျာလေးကထိရှလိုက်တာ
ပျော်ရွှင်ပါစေဗညားရေ

ဂျပန်ကောင်လေး said... @ February 6, 2010 5:04 PM

ယဉ်ယဉ်လေးနဲ့ရူးနေတဲ့ ညလေးတွေ ကုန်ဆုံးပါစေလို့ ဆုတောင်းရုံကလွဲလို့ မတတ်နိုင်ပါဘူးဗျာ... ကိုယ်ချင်းစာခံစားမိပါတယ်....

ခင်မင်တဲ့
ဂျပန်ကောင်လေး

Angel Shaper said... @ February 6, 2010 10:25 PM

ကြေကွဲပြီးသားပါ . . .
တစ်ဘ၀လုံးစာ နာကျင်သံတွေ
အစိမ်းရောင် မာယာသံတွေ
ရက်စွဲတွေနဲ့ အတိတ်ပန်ချီကားတွေ
နှုတ်ဆက်သံမကြားရတဲ့ နောက်ဆုံးအိမ်မက်တွေ
ဒီလိုနဲ့ .... ဒီလိုနဲ့
ငါ့ညတွေ ယဉ်ယဉ်လေးနဲ့ ရူးနေခဲ့တယ်။

ဟူးးးးးးးးးး အကိုရေ......
သမီးတို့ ပိုင်ဆိုင်ထားတဲ့ ညလေးတွေ တူလိုက်တာနော်။
အဆင်ပြေပျော်ရွှင်ပါစေဗျာ။
အိပ်မက်လှလှမက်ပါစေဗျာ။
အိပ်ရေးဝပါစေဗျာ။

ဇော် said... @ February 7, 2010 4:24 AM

ကဗျာက နာကျင်သံတွေနဲ့ ဖွဲ့ထားပေမယ့် ခံစားမှုကိုပေါ်လွင်စေလို့ အတော်ကိုလှတယ်နော် အကို .. =)

ညရဲ့ကောင်းကင် said... @ February 8, 2010 12:51 PM

ကြေကွဲပြီးသားပါ . . .
တစ်ဘ၀လုံးစာ နာကျင်သံတွေ
အစိမ်းရောင် မာယာသံတွေ
ရက်စွဲတွေနဲ့ အတိတ်ပန်ချီကားတွေ
နှုတ်ဆက်သံမကြားရတဲ့ နောက်ဆုံးအိမ်မက်တွေ
ဒီလိုနဲ့ . . . . . . ဒီလိုနဲ့ . . . . . . .
ငါ့ညတွေ ယဉ်ယဉ်လေးနဲ့ ရူးနေခဲ့တယ် . . . . .

ရူးရပါတယ် တကယ်ကို ရူးရတယ် ဗညားရေ...
ကဗျာလေးကို ထပ်တူထပ်မျှ ခံစားသွားပါတယ်...

သက်အောင် said... @ February 8, 2010 2:03 PM

ရှူး ..
တိုးတိုးတိတ်တိတ်နေပေးလိုက်ကြပါ ..
အဲ့လူကြီး အသည်းကွဲနေတယ် ထင်ပါ့ ..

စံလင်းထွန်း said... @ February 9, 2010 4:43 AM

ကြေကွဲပြီးသားပါ . . .
တစ်ဘ၀လုံးစာ နာကျင်သံတွေ
အစိမ်းရောင် မာယာသံတွေ
ရက်စွဲတွေနဲ့ အတိတ်ပန်ချီကားတွေ
နှုတ်ဆက်သံမကြားရတဲ့ နောက်ဆုံးအိမ်မက်တွေ
ဒီလိုနဲ့ . . . . . . ဒီလိုနဲ့ . . . . . . .
ငါ့ညတွေ ယဉ်ယဉ်လေးနဲ့ ရူးနေခဲ့တယ် . . . . .

ဟုတ်ပါ့..ဟုတ်ပါ့
ကြေကွဲရပါတယ်ဗျာ..။
ကဗျာရေးတဲ့သူမို့ အဆွေးတွေအလွမ်းတွေ ဝေမျှပွားယူသွားပါတယ်။

ယဉ်ယဉ်လေးပဲ ဆက်ရူးကြရအောင်ပါ.။

THE STARRY NIGHT said... @ February 9, 2010 11:46 AM

ရင်နာစရာကောင်းတယ် အကိုရေ...စွယ်တော်ရွက်တွေက ယိမ်းတတ်လိုက်ကြတာဗျာ...
ဟုတ်ပါတယ်...ကောင်းကင်မှာလည်း နက္ခတ်တွေကြမ်းလွန်းလို့ထင်ပါ့...
အကိုရေ ထပ်တူထပ်မျှရူးသွားပါတယ်ဗျာ...

မိုးစက်အိမ် said... @ February 10, 2010 3:57 AM

အစ်ကို ယဉ်ယဉ်လေးရူးနေတဲ့ ညတွေကုန်လွန်ပါစေဗျာ
အိပ်ရေးပျက်ညတွေဖြစ်ရမယ်ဆိုရင်လည်း ချိုမြိန်တဲ့ 
အိပ်ပျက်ညလေးတွေဘဲ ဖြစ်ပါစေဗျာ...ခင်မင်လျက်

Post a Comment

 

Lipsum

အကယ်၍သာ မြတ်ဗုဒွသည်
လူရွာထင်ရှား မပွင့်ငြားက
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ မသိရ
များလှအပြစ်တွေ . . . . . . . . .

ဗုဒွရှင်တော် ပွင့်ထွန်းပေါ်၍
ဟော်ဖော်ညွန်ကြား မြတ်တရားကြောင့်
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ သိကြရ
များလှကျေးဇူးတွေ . . . . . . . .

အရှင်ဇာနကာဘိဝံသ
မဟာဂန္ဓာရုံဆရာတော် . . . .