Sunrays

Blogger Template by ThemeLib.com

ကျောခိုင်းလိုက်ပါတော့ ကြယ်လေးရယ် . . . . .

Published by ဗညားရှိန် under on Monday, January 25, 2010
.




ထားရစ်ခဲ့တော့ ကြယ်လေးရယ် . . . . .

မပွင့်တပွင့် အလင်းဖြောက်ဖြောက်ငြို့ချက်နဲ့
ငါ့အိမ်မက်ကြယ်တာရာမှာ
တစ်ပွင့်တည်း တောက်ပအောင်
မင်းငြို့ထားနိုင်ခဲ့ပြီပဲ . . . . .

သွားပါတော့ ကြယ်လေးရယ် . . . . .

ချစ်တယ် လွမ်းတယ် ဆိုတဲ့ စကားလုံး အသင်္ချေနဲ့
ငါ့ အိမ်မက်ကြယ်တာယာမှာ
စံပယ် နက္ခတ်တွေ ဖြတ်ဖောက်စီးဆင်း
ရနံ့တွေ နှင်းလိုဝေအောင် မင်း ခြွေခဲ့ပြီးပဲ . . . . .

နှုတ်ဆက်ကြရအောင် ကြယ်လေးရယ် . . . . . .


ငါ့အိမ်မက်တွေနဲ့ ငါ ရူးသွပ်ချိန်မှ
သစ္စာဆိုတဲ့ စကားလုံး
မင်းရင်ဘတ်မှာ ရာသီစက်ဝန်း
တစ်ပတ်ပြည့်အောင် မပွင့်ခဲ့ဘူး . . . . .

လွမ်းတယ်ဆိုတဲ့ စကားလုံး
မင်းနှုတ်က အကြိမ်ကြိမ်ပြောနေပေမဲ့
မင်းစိတ်က လေယူရာတိမ်း ယိမ်းနေခဲ့ပြီးပဲ . . . . .
နီးစပ်တဲ့ သာယာမှု မင်း မက်မောနေခဲ့ပြီးပဲ . . . . .

ကျောခိုင်းလိုက်ပါတော့ ကြယ်လေးရယ် . . . . .

ငါ့ကို စကားလုံးတွေနဲ့ ထပ်မလှည့်စားပါနဲ့တော့ . . .
မျက်ရည်တွေနဲ့ ထပ်မလှည့်စားပါနဲ့တော့ . . .

နောက်ဆုံးတော့
တည်းတည်းလေးကျန်တဲ့ ငါ့ရင်ခွင်ဝင်ရိုး
မင်းရိုက်ချိုးသွားခဲ့ပြီပဲ

မင်းရိုက်ချိုးသွားခဲ့ပြီးပဲ . . . . . .


ဗညားရှိန် ( 25.1.10 , 1:31 PM )

28 comments:

ကောင်းကင်ပြာ said... @ January 25, 2010 2:29 AM

နှုတ်ဆက် ကျောခိုင်း သွား နေပေမဲ့ ကြယ်ကလေး ကတော့ ရှိနေတုန်းပဲ မို့လား....

မိုးစက်အိမ် said... @ January 25, 2010 4:45 AM

အစ်ကိုရေ ကြယ်လေးကလှည့်စားခဲ့ တယ်ဆိုရင်လည်း
ခွင့်လွှတ်ခြင်းအပြုံးဟာ လမင်းတောင်ဖုံးသွားနိုင်ပါ
တယ်ဆိုပြလိုက်စေချင်တော့တယ်ဗျာ . . . ကြယ်လေး
နဲ့ နားလည်မှုရပါစေလို့ ဆုတောင်းပေးသွားပါတယ်

မိုးစက်အိမ် said... @ January 25, 2010 4:45 AM
This post has been removed by the author.
reenoemann said... @ January 25, 2010 5:13 AM

ဘာခံစားချက်နဲ့ ရေးမှန်တော့သိဘူး
ကဗျာက ကောင်းတယ် ညီ

ညရဲ့ကောင်းကင် said... @ January 25, 2010 6:20 AM

ကဗျာလေးက ကောင်းတယ်ကွာ...
ထင်တယ် ဗညားခံစားနေရမယ်ဆိုတာ ... ဒါကြောင့် စာမေးပွဲ မဖြေခင် ၀င်ကြည့်မိတာ...

ငါ့အိမ်မက်တွေနဲ့ ငါ ရူးသွပ်ချိန်မှ
သစ္စာဆိုတဲ့ စကားလုံး
မင်းရင်ဘတ်မှာ ရာသီစက်ဝန်း
တစ်ပတ်ပြည့်အောင် မပွင့်ခဲ့ဘူး . . . . .


ဒီလိုပါပဲ ဗညားရယ် ...
သစ္စာဆိုတာ ထားတတ်သူအတွက် ဒဏ်ရာတခုလေလားပဲ ...
ဖောက်ဖျက်သူအတွက်တော့ ပျော်စရာများ ဖြစ်နေမလား ...

မညစ်ပါနဲ့ ... နေတတ်သွားမှာပါ ... ခံစားရရင်း .. ကဗျာတွေဖော်ကျူးရင်းနဲ့ပေါ့ ...

ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်

ဂျပန်ကောင်လေး said... @ January 25, 2010 6:36 AM

ဘာမှ မမြဲတတ်ဘူးနော်... သြော်.. သြော်.. သြော်...း(((.. ဘာမှ မပြောတတ်ဘူး.. သက်ပြင်းပဲ တွင်တွင်ချသွားတယ်....

မိုးခါး said... @ January 25, 2010 7:05 AM

အိုကေရဲ့လား
ငါလည်း အလုပ်တွေရှုပ်နေတာ စကားတောင် မပြောဖြစ်ဘူး ..
အားတင်းထား ..

မြတ်မွန် said... @ January 25, 2010 8:18 AM

အဟင့် ငိုသွားပြီဗညားရေ...
ခံစားချက် အနာရှိဖူးတဲ့
သူတစ်ယောက်အတွက်..
င်္ဒီလိုကဗျာလေးတွေဖတ်မိရင်..
ဝမ်းနည်းတက်တယ် ဗညားရေ..
အချစ်က သေစ္စာမရှိတက်ဘူးလား...
ဘာပဲဖြစ်ဖြစ် အားတင်းထားနော်..
ကိုညကောင်းကင်ပြောသလိုပဲ..
နောက်ဆို နေသားကျသွားမှာပါ..။

မိုးငွေ့...... said... @ January 25, 2010 8:44 AM

နှင်းခဲတွေ တဖျောက်ဖျောက်ကြား
လတ်ဆတ်ပူနွေးတဲ့ နှလုံးသား
အေးခဲသွားပြီလား ဗညား...
ဘယ်လိုဖြစ်တာလဲ ဟိုတလောကမှ အကောင်းကြီးကို...။ ကြယ်ကလေးကို တိမ်တိုက်တွေ တခဏဖုံးကွယ်သွားတာဖြစ်မှာပါ ဗညား...။ တိမ်ကင်းစင်နဲ့ ညတွေအမြန်ဆုံးရောက်ပါစေနော်..။

ခင်မင်စွာဖြင့်
မိုးငွေ့

မေဇင် said... @ January 25, 2010 10:03 AM

သစ္စာဆိုတဲ့ စကားလုံး
မင်းရင်ဘတ်မှာ ရာသီစက်ဝန်း
တစ်ပတ်ပြည့်အောင် မပွင့်ခဲ့ဘူး လို့ ဘယ်သူကပြောလဲ...ကြားစကားတွေ မယုံပါနဲ့...သေချာအောင်...သေချာလုပ်ပါ...။

လွမ်းတယ်ဆိုတဲ့ စကားလုံး
မင်းနှုတ်က အကြိမ်ကြိမ်ပြောနေပေမဲ့
မင်းစိတ်က လေယူရာတိမ်း ယိမ်းနေခဲ့ပြီးပဲ . . . . .
နီးစပ်တဲ့ သာယာမှု မင်း မက်မောနေခဲ့ပြီးပဲ ....လို့ ဘယ်သူက ပြောလဲ....ကိုယ့်ချစ်သူက လွမ်းတယ်လို့ ပြောတာကို မယုံပဲနဲ့....ဘေးစကားတွေ မယုံပါနဲ့....
သေချာအောင်...သေချာလုပ်ပါ...။

သေချာအောင်...သေချာပါစေ...။

ကြယ်ပြာ said... @ January 25, 2010 11:39 AM

ငါ့အိမ်မက်တွေနဲ့ ငါ ရူးသွပ်ချိန်မှ
သစ္စာဆိုတဲ့ စကားလုံး
မင်းရင်ဘတ်မှာ ရာသီစက်ဝန်း
တစ်ပတ်ပြည့်အောင် မပွင့်ခဲ့ဘူး . . . . .

ဒီစာပိုဒ်လေးအရောက် စိတ်မကောင်းဖြစ်သွားတယ် ... ပြီးတော့ စာသားလေးက အဖြစ်အပျက်ကိုညွှန်းထားတာလေး မြင်သာလို့ သဘောကျတယ် ...

Craton said... @ January 25, 2010 12:15 PM

ကဗျာလေးကဝမ်းနည်းစရာ။
သစ္စာဆိုတာ အပြောလွယ်သလောက်
အလုပ်သိပ်ခက်တာပဲလေ။

မောင်မိုး said... @ January 25, 2010 5:36 PM

နောက်ဆုံးအပိုဒ်ကို ကြိုက်တယ်ဗျာ။ ဘာကို သွားသတိရလဲဆိုတော့ ခြေမထိပ်မှာ ခြေသည်းလန်နေတာ ခလုတ်တိုက်မိသွားသလိုခံစားရတာကိုပါ။ အားပေးနေပါတယ်။

ခင်မင်စွာဖြင့်
မောင်မိုး

နွေဆူးလင်္ကာ said... @ January 25, 2010 6:19 PM

ကဗျာလေးက ကောင်းတယ်ဗျာ။ ကျနော်လည်း ခံစားလို့ ရပါတယ်။ ဒါပေမယ့် စကားမစပ် ကြယ်တာယာတွေမဟုတ်ပဲ ကြယ်တာရာဆို ပိုကောင်းမယ်ဗျ။ တာယာပွကြီးကို ပြေးပြေးမြင်လို့ဗျာ။

လင်းဒီပ said... @ January 25, 2010 6:51 PM

ကြေကြေကွဲကွဲကြီးပါလား ညီလေးရယ်..။

ပိုးဟပ်လေး said... @ January 25, 2010 7:37 PM

ကဗျာလေးကောင်းပါတယ်....
ထိစေငြိစေ တဲ့ ထိလည်းထိတယ်
ငြိလည်းငြိတယ်ဗျ......

ပိုးဟပ်လေး said... @ January 25, 2010 7:37 PM

ကဗျာလေးကောင်းပါတယ်....
ထိစေငြိစေ တဲ့ ထိလည်းထိတယ်
ငြိလည်းငြိတယ်ဗျ......

~ဏီလင်းညို~ said... @ January 25, 2010 7:48 PM

ဗညားရေ...
အစ်ကိုတော့ ဖတ်ပြီးသက်ပြင်းအရှည်ကြီးချသွားတယ်ဗျာ...။
ပျော်စေချင်၏။
ခင်မင်တဲ့
ဏီလင်းညို

သိင်္ဂါကျော် said... @ January 25, 2010 9:29 PM

ကြယ်ကလေးရေ..
ကြယ်ကလေးရေ..
မင်းကတော့ ခုထိ
ဘာမှမသိသလို လင်းနေဆဲပါလား...

:)

lover said... @ January 25, 2010 11:37 PM

ကောင်းဧ။် ကဗျာကိုပြောတာပါ..ခံစားရတာတော့စိတ်မကောင်းဘူး
မြင်မြင်လေရာဘလော့တွေမှာအလွမ်းမိုးတွေပဲရွာနေလေရော့
သလားလို့ထင်ရအောင်အလွမ်းတွေချည်းပြည့်နေပါလား

ဇွန်မ said... @ January 26, 2010 8:15 AM

ကိုဗညား မတွေ့တာကြာပေါ့၊ ပြန်လင့်ခ်ခွင့်ရလို့ ကျေးဇူးပါရှင် ကဗျာလေးခံစားသွားတယ်နော်

may16 said... @ January 27, 2010 4:18 PM

ကိုဗညား ကဗျာဖတ်ပြီး တစ်မျိုးပဲ စိတ်မညစ်ပါနဲ့ ဒီလိုပါပဲ. . . . .

ဒဏ္ဍာရီ said... @ January 27, 2010 10:55 PM

ဗညားရေ... နောက်ကျမှ ရောက်လို့ တောင်းပန်ပါတယ်။
ကဗျာလေးကို ရင်နဲ့ခံစားပြီး ဖတ်သွားတယ်နော်။ အားပေးစရာ စကားတွေ သိပ်မပြောတတ်ပေမယ့် အားပေးလိုက်ပါတယ်။

မေတ္တာစစ်နဲ့ အရင်းခံလို့ သစ္စာဆိုတာ ရှိခဲ့ရင်တောင် ဖူးစာဆိုတာ လိုသေးတယ် မောင်လေး။ တခါတလေ ဘ၀မှာ အမှတ်တမဲ့ ခလုပ်တိုက်မိတယ်လို့ သဘောထားလိုက်ပါနော်။ ဒါပေမယ့် အဲဒီလို ခလုပ်တိုက်မိလို့ ရလိုက်တဲ့ ဒဏ်ရာဟာ သေရာပါလဲ ဖြစ်သွားနိုင်ပါတယ်။

တနေ့မှာ ကဗျာရှင်ရင်ထဲက ချစ်ခြင်းတရားတွေကို ကြယ်လေး မြင်တွေ့လာမှာပါ။

ပျော်ရွှင်ပါစေ မောင်လေး..။

ခင်မင်လေးစားလျှက်

မယ်ကိုး said... @ January 31, 2010 11:58 AM

ကြယ်ကြည့်သူအချင်းချင်း ရောဂါတူသူချင်း တွေ့ရတာ ဝမ်းသာပါတယ်။ :)
ကဗျာလေး လှတယ်။ နှုတ်ဆက်နိုင်တာ ကောင်းပါတယ် ...ကြယ်ဆိုတာ အဝေးကြည့်ပဲ လှတာလေ။ သူဟာ နေတစင်းလည်း ဖြစ်နိုင်တာ မဟုတ်လား။

ဆောင်းယွန်းလ said... @ January 31, 2010 1:16 PM

ကဗျာလေးက ကောင်းလိုက်တာညီလေးရာ...

ဒါပေမယ့် ကဗျာလေးထဲကအတိုင်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးလို့ရနိုင်ရင်လည်း အကောင်းသားညီလေးရေ...

ဘာတွေဖြစ်ကုန်ပြီလဲကွာ...

ဇော် said... @ February 1, 2010 11:10 PM

ရင်ထဲမှာ ဘယ်လိုမှန်းမသိဘူး .. စူးစူးရှရှကို ခံစားရတယ် ကိုရှိန်ရာ ..
ကဗျာဆိုတာ အဲ့လို ဖတ်တဲ့သူကို ထိစေမှ လှတယ်လို့ ယူဆကြတယ်ဆိုရင် ကိုရှိန်ကတော့ တန်းဝင် စူပါ တစ်ယောက်ပါပဲဗျာ ..
ကျနော်ကတော့ အမြဲ မက်မောလျှက်ပါပဲ ..

( ကိုရှိန် .. စိတ်မရှိပါနဲ့ဗျာ .. စီးဆင်း ရယ် ကြယ်တာရာ ရယ်နော် .. =] )

desertraindrops said... @ February 5, 2010 2:30 PM

ကဗျာလေး ကောင်းတယ်။ တကယ့်အဖြစ်ဆိုရင် ပြန်လည်ညှိကြပါဦး။ ချစ်သူတွေကြား ဖြစ်တတ်ကြပါတယ်။ အချိန်ယူ စဉ်းစားကြပါဦးနော့။ ပျော်ရွှင်အဆင်ပြေကြပါစေ.

Angel Shaper said... @ February 6, 2010 10:29 PM

ဘာမှ မပြောတတ်တော့ဘူး။
ဒီကဗျာကိုလဲ အခေါက်ခေါက်အခါခါ ဖတ်ပြီး သက်ပြင်းရှည်ကြီးတွေ ချနေရတယ် အကို။
တစ်ခုပဲပြောခဲ့မယ် အဆင်ပြေပျော်ရွှင်ပါစေဗျာ နော်။

Post a Comment

 

Lipsum

အကယ်၍သာ မြတ်ဗုဒွသည်
လူရွာထင်ရှား မပွင့်ငြားက
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ မသိရ
များလှအပြစ်တွေ . . . . . . . . .

ဗုဒွရှင်တော် ပွင့်ထွန်းပေါ်၍
ဟော်ဖော်ညွန်ကြား မြတ်တရားကြောင့်
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ သိကြရ
များလှကျေးဇူးတွေ . . . . . . . .

အရှင်ဇာနကာဘိဝံသ
မဟာဂန္ဓာရုံဆရာတော် . . . .