အမေ့ခြေရင်း ထာဝရ ဦးချကန်တော့ပါရစေ
Published by ဗညားရှိန် under ကဗျာ on Saturday, January 09, 2010.
လွယ်လွယ်နဲ့ ဖွားခဲ့တာ မဟုတ်ဘူး
ကိုးလလွယ် ဆယ်လပျိုး
သွေးသံတရဲရဲကြားမှာ
မျက်ရည်ပေါက်ပေါက်နဲ့
အံကြိတ်ပြီး မွေးပေးခဲ့တဲ့ အမေ . . . . .
လောကဓံကို ထုပေဒဏ်ပေခံနိုင်အောင်
လက်တွဲပြီး သင်ခဲ့ပေးတဲ့ အမေ . .
သားသမီးတွေရဲ့ ရှေ့မှာ မားမားရပ်
လာသမျှ ဒုက္ခပေါင်းသောင်းခြောက်ထောင်ကို
အိုနွမ်းတဲ့ ရင်တစ်စုံနဲ့ စီးခံ ပေးခဲ့တဲ့ အမေ . .
အချဉ်ရည်ဟင်းကောင်းတစ်ခွက်ကို
သားတွေအတွက် ချပေးလို့
နောက်ဖေးပေါက်မှာ ဗရာကြော်တစ်ခြမ်း
ထမင်းကြမ်း ဆားဖြူးပြီးစားခဲ့တဲ့ အမေ
အဲဒီပုံရိပ်တွေ
အဲဒီမျက်ရည်စက်တွေ
အဲဒီမျက်ရည်စက်တွေ
ကျွန်တော့်ရင်မှာ ခုထိ မခမ်းသေးဘူးအမေ . . . . . .
“ သား ” လို့ . .
တစ်ခွန်းခေါ်လိုက်တဲ့ အမေ့ရဲ့အသံ . . .
နားထဲရောက်လာတာနဲ့
ခါးတယ် ဆိုတဲ့ လောကဓံကိုတောင်
ကျွန်တော် ဒူးနဲ့ တက်တိုက်ဝံ့တယ် အမေ . . . . . .
လောကဋီကာကို အဖွင့်စာမျက်နှာကအစ
နိဂုံးအဆုံးအထိ ရင်ဆိုင်သင်ပြ
ကျွန်တော့်အသွားတွေ မြ နေအောင်
သွေးပေးလိုက်တဲ့အမေ . . .
အခု အမေလွှတ်လိုက်တဲ့ ရာဇ၀င်တိုက်ပွဲ
လင်းလက်လျှံငြီးနေတဲ့ ကျွန်တော့်ဓားနဲ့
အမေ့အတွက် မော်ကွန်းထိုးခဲ့မှာပါ . . . . . .
အဝေးရောက်နေတဲ့ အမေ့သား
အမေကြော်ပေးတဲ့ ပဲပြုတ်ထမင်းဆီစမ်း
အမေလုပ်ပေးတဲ့ ငါးခြောက်ကြော်
အမေချက်ပေးတဲ့ ကန်စွန်းရွတ်အချဉ်ရည်ဟင်း
အခမ်းခမ်း အနားနား ပြင်ဆင်ထားတဲ့
အနောက်တိုင်းပီဇာတွေ မြင်တိုင်း
တမ်းတ သတိရတယ်အမေ . . . . . .
ကံကြမ္မာဆိုတာ မှောက်တစ်ခါ လှန်တစ်လှည့်ပါ
ကျွန်တော်တို့ဘ၀ ပေဖြစ်ခဲ့ပြီးပြီးပဲ အမေ
တူဖြစ်တဲ့ အလှည့် လောကကြီးအလယ်
ရင်ကော့ မော်ကြွားလိုက်စမ်းပါ အမေ . . . . . .
အမေ့ ပါးရေတွေ တွန့်ကြေနေခဲ့ပြီး
အမေ့လက်တွေ ကြမ်းရှရင့်ထော်နေခဲ့ပြီး
အမေရုပ်ရည်တွေ အရမ်းအိုစားသွားခဲ့ပြီး
သားသမီးတွေအတွက် သူတစ်ပါးတံတွေးခွက်
အမေ့လက်တွေ ကြမ်းရှရင့်ထော်နေခဲ့ပြီး
အမေရုပ်ရည်တွေ အရမ်းအိုစားသွားခဲ့ပြီး
သားသမီးတွေအတွက် သူတစ်ပါးတံတွေးခွက်
ပက်လက်မမျှောရုံတမယ် ခံစားခဲ့ရတဲ့ အမေ
အဲဒီ ကျေးဇူးတွေနဲ့ အမေ့ခြေရင်း
ကျွန်တော်ထာဝရ ဦးချကန်တော့ပါရစေ အမေ . . . . . . .
ဗညားရှိန် . . . ( 26.12.09 , 10:01 AM )
~ ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀ ~
~ ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀ ~





15 comments:
ကဗျာလေးက မမေ့မေတ္တာကို ပေါ်လွင်အောင် ဖွဲ့ထားနိုင်တဲ့အတွက် သိပ်ကိုကောင်းပါတယ်..။
ဒါနဲ့ ကောင်းကင်များ၏အတ္ထုပ္ပတ္တိ၂၀၁၀ ဆိုတာ မပန်ဒိုရာတို့ထုတ်မယ့် ကဗျာစာအုပ်လား ဒီကဗျာက အဲဒီထဲကပဲလား...။
ခင်မင်စွာဖြင့်
မိုးငွေ့
ဗညားရေ....
ဒီကဗျာလေးကို ဖတ်ရင်း မေမေ့ကိုတစ်ကယ်လွမ်းမိတယ်...။ ကဗျာလေးလည်းကောင်းတယ်...
ခင်မင်တဲ့
ဏီလင်းညို
မိခင်ရဲ့ ကြီးမားလှတဲ မေတ္တာတရားကို ဖွဲဆိုထားတဲ့ ကဗျာလေးက တကယ်ခံစားချက် အပြည့်နဲ့ပါပဲ ဗညားရေ.. အမေ.. လို့ ခေါ်လိုက်ရရင်တောင် အရာအားလုံး ငြိမ်းချမ်းပြီး လုံခြုံသွားသလို ခံစားရပါတယ်။ အမေနဲ့ ဝေးလေလေ... အမေ့ရဲ့ မေတ္တာတွေကို တမ်းတမိလေလေ။
ခင်မင်လေးစားလျှက်
ဟင့်..လွမ်းသူကို ဘလော့ခ်နဲ့ထိုး...း((
ကျွန်တော်ကတော့... ဒီတလော ကျောင်းက သင်တဲ့
Kitchen အကြောင်း စဉ်းစားလိုက်ရင် ပုံကို မစဉ်းစားနိုင်ပဲ မနက်မနက် အမေ ကြော်ပေးတဲ့ ထမင်းကြော် ပူပူနွေးနွေးလေးရယ် နေ့လည် နေ့လည် ဟင်းမကျက်ခင် ရှိတာနဲ့ ဟိုခပ် ဒီခပ် ဟို ထည့် ဒီထည့် ရောရာစုံတဲ့ နေ့လည်စာရယ်ကိုပဲ သတိရတယ် ....
အိမ်ဆိုတာက အဝေးမှာရှိနေဆဲပါလေ.. အစ်ကိုရေ...:(
တယ်တော်တဲ့ ငါ့သူငယ်ချင်းး))
ကောင်းလိုက်တာ ဗညားရေ...
အမေ့မေတ္တာကို ပေါ်လွင်စေတယ်...
ညီ အရာအားလုံး အဆင်ပြေပါစေဗျာ...
ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်
ကောင်းလိုက်တဲ့ကဗျာလေးဗညားရယ်
ရင်ကိုထိရှစေတဲ့မိဘမေတ္တာဖွဲ့ကဗျာလေး
မိခင်မေတ္တာကိုအရမ်းကိုဖော်ကြူးနိုင်တယ်
ရဲလေးရဲ့အမေဆိုတဲ့သီချင်းလေးကိုလဲသွားသတိရတယ်
“ သား ” လို့ . .
တစ်ခွန်းခေါ်လိုက်တဲ့ အမေ့ရဲ့အသံ . . .
နားထဲရောက်လာတာနဲ့
ခါးတယ် ဆိုတဲ့ လောကဓံကိုတောင်
ကျွန်တော် ဒူးနဲ့ တက်တိုက်ဝံ့တယ် အမေ . . . . . .
အကြိုက်ဆုံးစာသားလေးပါဘဲ အမေမေတ္တာကို
ပီပြင်အောင်ခံစားရေးဖွဲ့ ထားတဲ့ ကဗျာလေးပါဘဲဗျာ
ဟုတ်ပါတယ် ကိုဗညားရေ....
အမေ လက်ရာသာ အကောင်းဆုံး.....။
ကဗျာလေး ဖတ်ပြီး အမေကို လွမ်းနေပုံပဲနော်။
အမေကဗျာလေးကို လာဖတ်ပါတယ် ကိုဗညား
ကဗျာလေးကတကယ်ကောင်းပါတယ် မိခင်မေတ္တာကိုပေါ်လွင်နေတယ်
ကဗျာလေးဖတ်ပြီး အမေ့ကို ပိုသတိရမိတယ်ဗျား(
လောကမှာ ရှိတဲ့ အမေ (မိဘ)တိုင်း ကျန်းမာကြပါစေဗျာ
လေးစားလျက်
တောင်ပေါ်သား
အမေ့မေတ္တာဖွဲ့ထားတာ ကောင်းလိုက်တာ။ ပထမဆုံးတပုဒ်ကို တအားသဘောကျတယ်။ ဟုတ်တယ်နော်။ လွယ်လွယ်လေး မွေးဖွားခဲ့တာ မဟုတ်ပါဘူး။ မိခင်တိုင်းကို ဦးချလျက်ပါ။
“ သား ” လို့ . .
တစ်ခွန်းခေါ်လိုက်တဲ့ အမေ့ရဲ့အသံ . . .
နားထဲရောက်လာတာနဲ့
ခါးတယ် ဆိုတဲ့ လောကဓံကိုတောင်
ကျွန်တော် ဒူးနဲ့ တက်တိုက်ဝံ့တယ် အမေ . . . . . .
i feel something after i read.. miss my mom !!! ;(
Post a Comment