Sunrays

Blogger Template by ThemeLib.com

ကျွန်တော် ခင်မင်မြတ်နိုးခဲ့သော ဣတ္ထိယများ

Published by ဗညားရှိန် under on Thursday, January 07, 2010
.

ပြီးခဲ့တဲ့ ၂၀၀၉ မှာ ကျွန်တော် ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ အများကြီး ရှိခဲ့ ပါတယ် ။ အဲဒီထဲမှာမှ ကျွန်တော့်စိတ်ကို ရင်းနှီးချစ်ခင်မြတ်နိုးခဲ့သော မိန်းမသားတွေက သိပ်မများခဲ့ဘူး ။ ငါးယောက်ပဲ ရှိခဲ့တယ်ဗျ . . . နေ့ တော်တော် များများ သူတို့နဲ့ပဲ ပြောဆို ခင်မင်ခဲ့တယ် . . . . အဲဒီ ငါးယောက်ကို ကျွန်တော်ပြောပြသွားမယ် သူတို့ကို ကျွန်တော် ခင်မင်ချစ်မြတ်နိုးခဲ့ရတဲ့ အကြောင်းပေါ့ . . .


ချစ်သော မေမေ . . . .

ပထမဆုံးက ကျွန်တော့် မိတာမိခင်ပါ . . . အမေဟာ ကျွန်တော့်ဘ၀ရဲ့ ပဲ့ကိုင် ဖြစ်သလို ကျွန်တော် ဘ၀ လမ်းညွန်လဲ ဖြစ်ခဲ့တယ် . . . ကျွန်တော် ၁၀ တန်းအောင်ပြီး အဝေးသင်နဲ့ ကျောင်းတက်ရင်း စီပွါးရေး အလုပ်ထဲ ၀င်ခဲ့ပါတယ် . . . အဲဒီမှာ အမေဟာ ကျွန်တော်ကို လက်တွဲပြီး စီးပွါးရေး ပညာတွေ သင်ပေးခဲ့ သလို လူ့လောကရဲ့ ဖြစ်တတ်တဲ့ လောကဓံ ပုံစံ အမျိုးမျိုးကိုလဲ လက်တွဲ သင်ကြားပေး ခဲ့သူပါ ။ကျွန်တော် ဒီပြည်ပကို ရောက်လာတာလဲ အမေ့ကျေးဇူးကြောင့်ပါပဲ . . . . ကျွန်တော် အမေရိကန် ဗီဇာကို အစက လျှောက်ရကောင်းမှန်းမသိဘူးဗျ အတိအကျပြောရရင် သိကိုမသိခဲ့တာ . . . တစ်နေ့ အမေက သား အဲဒါသွားလျှောက်ကြည့် ရလာတော့လဲ ကိုယ့်အတွက် အရှုံးမရှိဘူးဆိုလို့ ကျွန်တော် ၀င်လျှောက်ဖြစ်ခဲ့တာ . . . လျှောက်ထားပြီး မေ့တောင်မေ့နေတယ် . . . ဗီဇာ ၀င်ဖို့ ကျလာမှပဲ ကိုယ်လျှောက်ထား မှန်း ကိုယ်သတိပြန်ရတာလေ . . . အခုတော့ အမေ့ကျေးဇူးကြောင့် ကျွန်တော် ပြည်ပမှာ အလုပ်လုပ်နိုင်ခဲ့ပြီ . . . . အမေဟာ ကျွန်တော့်ဘ၀ရဲ့ လမ်းညွန်တစ်ဦးပါပဲ အခု ထက်တိုင် အချို့ကိစ္စတွေ အမေ့ကို တိုင်ပင် နေရတုန်းပါပဲ . . . . . . . အမေဟာ ကျွန်တော့်ဘ၀ထဲက တန်ဖိုးအထားရဆုံးတော့ မာတာမိခင် မိန်းမသား တစ်ဦးပါပဲ . . . . .


သူငယ်ချင်း မိုးခါး . . . .

နာမည်နဲ့ လိုက်တယ် တစ်ခါတစ်လေ သူနဲ့ ပြောရတာ တော်တော်ခါးတယ် . . . . ဟိဟိ စတာနော် သူငယ်ချင်း . . . . သူနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်လာတာ ပထမနှစ်ကတည်းကဆိုတော့ ၆ နှစ်လောက်တော့ ရှိတော့မယ်. . . ဖော်ရွေတယ် ခင်တတ်တယ် ပျော်တတ်တယ် ဟန်ဆောင်ရတာ မုန်းတဲ့သူ ကျောင်းတက်တုန်းကဆို တစ်ခုခုဆို သူမျက်နှာပျက်သွားတာ သိသာတတ်တယ် ဒါပေမဲ့ စလုံးသွားပြီးနောက်ပိုင်း သူ မျက်နှာက တစ်ခုခု ဖြစ်ရင် ဘာမှမဖြစ်သလို နေတတ်လာတယ် . . . မျက်နှာကနေတတ်လာပေမဲ့ သူမလုပ်ချင် မပြောချင်တဲ့ ကိစ္စတွေဆို ပြန်လှည့်မကြည့်တော့တဲ့ သူ . . . . သူက မအားတာများတယ်ဗျာ သူကို ဖမ်းရတာ ကျားမှီးဆွဲရ တာထက်ခက်တယ် . . . . ကျွန်တော် သူ့ကို လိုက်ရှာချင်ရင် ဘယ်မှာလိုက်ရှာရမှန်း မသိဘူး တစ်ခါတစ်လေ . . . . မအားမှာဆိုးလို့ မခေါ်ဖြစ်ဘူး . . . အမှန်တော့ မအားချင်ဟန်ဆောင်မှန်းသိတယ် ဟဲဟဲ ဒီတော့ ကျွန်တော်လဲ မသိချင်ဟန်လေး ဆောင်ပေးရတာပေါ့ . . . တစ်ခါတစ်လေ တော့လည်း စိတ်လိုလက်ရ လာခေါ်တယ် အဲလိုအခါမျိုးမှ သူနဲ့ ကျွန်တော်ပြောဖြစ်ကြတယ် . . . ဒါကလဲ သူစိတ်ကောင်းဝင်နေတုန်း အချိန်လေး . . အဲလိုအချိန်ရခဲပါတယ် ဟဲဟဲ . . . တကယ်ပါ တကယ် . . . ခင်ဖို့အရမ်းကောင်းတယ် စလုံးကသူတွေ သိမှာပါ . . . . သူနဲ့ ကျွန်တော်ကြားမှာ စကားလုံးတစ်လုံး လုံးဝပျောက်နေတယ်ဗျ သူလဲ မပြောသလို ကျွန်တော်လဲ မပြော ဖြစ်ဘူး . . . ဒီလိုနဲ့ ကျွန်တော်နဲ့ သူ တော်တော်လေး ခင်မင်ခဲ့ကြတာပါပဲ . . . . ခုလဲ သူ့ကို မတွေ့ရတာ တစ်လလောက်ရှိတော့မယ် အွန်လိုင်းမှာ ဘယ်ပျောက်လို့ ဘယ်ရောက်နေမှန်းမသိဘူး . . သူက ကျွန်တော်ဘ၀မှ အခင်မင်ရဆုံးသော သူငယ်ချင်း မိန်းမသား တစ်ဦးပါပဲ . . . . . .

ညီမလေး  ပျိုခေတ်. . . .

ကျွန်တော်နဲ့ ခင်တာ ဘယ်လောက်မှမကြာသေးဘူး နှစ်နှစ်လောက်ပဲရှိဦးမယ် . . .နာမည်က ပျိုခေတ် . . . အသက်က ကျွန်တော်ထက် သုံးနှစ်လောက်ငယ်တယ်. . . ကျွန်တော်ကို အကိုအရင်း တစ်ယောက်လို ခင်ခဲ့သလို ညီမ မရှိတဲ့ ကျွန်တော့်အတွက် ညီမ အရင်းလို အားကိုးလို့ ရခဲ့တယ် . . . ဘာပဲ လုပ်ခိုင်းလုပ်ခိုင်း လုပ်ပေးရှာပါတယ် . . . လူမှုရေးကိစ္စတွေမှာ သူကို ကျွန်တော် အများဆုံးတိုင်ပင်ဖြစ်ခဲ့တယ် . . . . စိတ်ရင်းကောင်းသလို ကူညီတတ်တယ် . . . အသက်သာ ဘယ်လောက်မှမရှိသေးတာ လူက အပျိုကြီး စတိုင်နဲ့ . . . အယ် တကယ်လဲ လူကြီးတစ်ယောက်လို တိုင်ပင်လို့ ရခဲ့တယ်ဗျ . . . . အခု ပြည်ပ ရောက်နေတာတောင် တစ်ခုခုဆို ပျိုခေတ်ရေ ငါ့ကို ဒါလေး ရှာပေးပါဦး ဟိုဟာလေး ရှာပေးပါဦး ဆိုပြီး ကျွန်တော် ခိုင်းနေသေးတယ် . . . ဒါလည်း သူလုပ်ပေးရှာတယ် မရရအောင် . . . ဒါကြောင့် သူ့ကို ညီမ အရင်းတစ်ယောက်လို ခင်မိခဲ့ပါတယ် . . . . သူဟာ ကျွန်တော့်ဘ၀မှာ ညီမအရင်းလို ခင်မင်ရတဲ့ မိန်းမသား တစ်ဦးပါပဲ . . . . .

မမကြီး မေလေး . . .

ခင်မင်ခဲ့တာ ဘယ်လောက်မှမကြာသေးပါဘူး အလွန်ဆုံးဖြစ်မှ ကိုးလ ဆယ်လလောက်ပဲ ရှိဦးမယ် . . . . ဒါပေမဲ့ သူရဲ့ ပွင့်လင်းမှု ခင်မင်တတ်မှု ကူညီတတ်မှု တွေက ကျွန်တော်ကို အမတစ်ယောက်လို သူငယ်ချင်း တစ်ယောက်လိုခင်မင်စေခဲ့တယ် . . . . သူ့မျက်နှာကို ကျွန်တော် မမြင်ဖူးဘူး သူ့အသံ ကျွန်တော် မကြားဖူးဘူး ဒါပေမဲ့ သူ့စိတ်ဓာတ်လေးကို ကျွန်တော် သိခဲ့ရတယ်. . . .  ကျွန်တော့် အမအရင်း ထက်တောင် မှ သူ့ကို ကျွန်တော် အစစ အရာရာ တိုင်ပင်ခဲ့တယ် . . . သူလဲ အမအရင်း တစ်ယောက်လို ကျွန်တော်အပေါ် အကူအညီတွေ အများကြီးပေးခဲ့တယ်ဗျ . . . . ကျွန်တော် ပြည်ပ ရောက်ခါစ တော်တော်လေး စိတ်ညစ်ရတယ် အလုပ်ထဲမှာ အဲဒီအချိန် သူကျွန်တော်ကို အများကြီး ကူညီခဲ့တယ် စိတ်ဓာတ် ရေးရာပိုင်းမှာ သူ့အကူအညီ အများကြီးရခဲ့တယ် . . . တစ်ခါတစ်လေ ကျွန်တော် စလုံးမလာဖြစ်တာကို အရမ်းဒေါသထွတ်တယ်ဗျာ မိုးခါး စလုံးထွတ်ခါနီးတုန်းက ကျွန်တော်တို့ကိုခေါ်တယ် သူနဲ့ သင်တန်းလိုက်တက် ပြီးရင်  စလုံးလစ်မယ်လို့ ကျွန်တော်တို့ကို ပြောတုန်းက အပျင်းတစ်ပြီး ကျွန်တော် လိုက်မတက်ခဲ့ဘူး အဲဒီတုန်းကလိုက်တက်ခဲ့ရင်ပြီးသား . . အခုဆို မေလေးချက်တဲ့ ဟင်းတွေ တစ်ဖြဲနှစ်ဖြဲ စားရနေလောက်ပြီးဗျ ကျွန်တော်က မော်လမြိုင်သား ဆိုတော့ အစားနဲ့ ပက်သက်လို့က ဟဲဟဲ ပြောမနေနဲ့ အကုန်လာထား စားလို့ကောင်းလို့က ကြိတ်ပြီးသားပဲ . . . ခုတော့ အဝေးကနေပဲ မမ မေလေးချက်တဲ့ ဟင်းတွေ အွန်လိုင်းမှာပဲ မစားရ အညှော်ခံနေတယ်လေ ။ သူလဲ ကျွန်တော့်အတွက် စလုံးကနေ ချက်ပြီးတော့ ပို့ရှာပါတယ် ဒါပေမဲ့ စလုံးစာပို့ဌာနက မြန်မာပြည်လောက်တောင် မကောင်းလို့လားမသိဘူး ဟင်းတွေ ပို့လို့ရဘူးတဲ့ဗျာ . . . သွားပြန်ပြီးပေါ့လို့ ဆွေးလိုက်ရသေးတယ်ဗျာ . . . . ဒါကြောင့် သူလဲ ကျွန်တော့်ဘ၀မှာအမ တစ်ဦးလို ခင်မင်ခဲ့ရသော မိန်းမသား တစ်ဦးပါပဲ . . . . .


ကဲ ကျွန်တော်ပြောလို့ ကုန်ပြီး . . . . ဒီတော့ ကျွန်တော့် လို ခင်မင်တဲ့သူငယ်ချင်း မောင်နှမရှိသူများအတွက် ကျွန်တော် ဆက်ပြီး တဂ် လိုက်ပါ့မယ် . . . . မိန်းကလေးဆိုရင် ယောက်ကျာလေးအကြောင်း ရေးပေးပါ . . . ယောက်ကျာလေးဆိုရင် မိန်းကလေး အကြောင်း ရေးပေးပါနော့ . . . .

မိုးခါး ၊ မေလေး ၊ မမကောင်းကင်ပြာ ၊ ဂျပန်ကောင်လေး ၊ မိုးကုတ်သား ၊ မြရေလျဉ် ၊ တောင်ပေါ်သား ၊ ကိုရီနိမာန် ၊ နွေးနေခြည် ၊ ရေတမာ ၊ ကိုဖိုးစိန် ၊ ဇူး ၊ မက်မက် ၊ မမကြယ်ပြာ ၊ ဏီကင်း ၊ ဆောင်ချမ်းမိုး ၊ ဒဏ္ဍာရီ

ရေးပြီးရင် အကြောင်းပြန်ကြားပေးကြပါဦးနော် . . . .




16 comments:

ဖိုးစိန် said... @ January 7, 2010 11:34 AM

ရေးပေးပါမယ့်

ချစ်သောသူတွေ များနေတော့

ဝတ္ထုရှည် ဖြစ်သွားမှာပဲစိုးတယ်

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

may16 said... @ January 7, 2010 11:45 AM

ခင်မင်မြတ်နိုးသူများကို ဖတ်သွားပါတယ်...

နှင်းဆီပန်းချစ်တဲ့ ကောင်မလေး said... @ January 7, 2010 11:48 AM

အေးးးး လုပ်ဟ
လာသေးတယ် မမကြီးဆိုဘဲ

ငါလဲနင်ကိုခင်ပါတယ်
လူချင်းသိတာ မြင်ဖူးတာထက်
စိတ်ချင်းနီးစပ်ခင်မင်နေတာ ပိုအနှစ်သာရ
ရှိပါတယ်ဟယ်။
ငါကဘေးကသိသလောက်ပြောပေးရုံရှိခဲ့တာပါ
နင်ကနဂိုတော်ပီးသား လူတော်တယောက်မို့
အခက်အခဲတွေကို ကျော်လွှားနိုင်တာပေါ့။

အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေ။

အောက်ဆုံး နှစ်ပုဒ်ဘာတွေရေးထားတာလဲဟ
မမြင်ရဘူးး
အတုံးတုံးလေးတွေဘဲ မြင်ရတယ်။းD

မြရေလျဉ် said... @ January 7, 2010 12:07 PM

ငါလဲ ရေးရမှာပေါ့နော်
ချစ်သူမှာတင် ၂ယောက်ဖြစ်နေပြီ
ဘီလိုလုပ်ရပါ့မလဲ

ဒဏ္ဍာရီ said... @ January 7, 2010 1:05 PM

အော် တော်သေးတာပေါ့ ဗညားရယ်.. ခင်မင်မြတ်နိုးရသော ဣတ္ထိယများ ဆိုလို့ပေါ့။း)
ဒါပေမယ့် ခင်မင်မြတ်နိုးရတဲ့ သူတွေက များနေတော့ ရေးရင်းနဲ့ ရှည်သွားမယ်နော်။

ဗညားရဲ့မေမေ ဦးဆောင် လမ်းပြမှု ကောင်းသလို ကိုယ်တိုင်လည်း ကြိုးစားခဲ့လို့ပေါ့။

ချစ်တဲ့ ငယ်ကတော့ ငယ်လို့ အလျှော့ပေးလိုက်ပေါ့ နော်။ ချစ်တယ်မလား.. ဒီလောက်တော့ သည်းခံပေါ့။း)

သူငယ်ချင်းကောင်းတွေ ရထားတဲ့ ဗညားကို အားကျမိပါတယ်။ တကယ် အနစ်နာခံတတ်တဲ့ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ ဆုံတွေ့နိုင်ပါစေနော်။

ခင်မင်လေးစားလျှက်

မြတ်မွန် said... @ January 7, 2010 1:21 PM

ကိုဗညား..ပြန်လာပြီပေါ့..။
ကိုဗညားရဲ့ချစ်ခင်လေးစားရတဲ့ အမျိုးသမီးများ အကြောင်းလေး ဖတ်သွားပါတယ်။

ကြည်ဖြူပိုင် said... @ January 7, 2010 3:47 PM

ဟုတ်လား
ငယ်က အဲလိုပဲဆိုးသလား
:D
ချစ်ခင်တဲ့အမျိုးသမီးတွေအကြောင်း
လာဖတ်ရတာစိတ်ချမ်းသာစရာပါလား
ကောင်းပေ၏

ရေတမာ said... @ January 7, 2010 3:53 PM

ဖတ်ရတာ့ကောင်းပါ့ဗျာ ကျနော်လည်း မေလေးလိုပဲ အောက်ဆုံးနှစ်ပိုဒ်က မမြင်ရဘူးးP

~ဏီလင်းညို~ said... @ January 7, 2010 7:47 PM

ဗညားရေ...
အသစ်တင်ထားတာ တွေ့လို့လာဖတ်တာ စိတ်ချမ်းသာစရာပို့စ်လေးဖြစ်နေခဲ့တယ်...။ ကောင်းမြတ်တဲ့ မိခင်၊ ချစ်တတ်တဲ့ ချစ်သူနဲ့ ခင်စရာသူငယ်ချင်းကောင်းတွေ....ပိုင်ဆိုင်ခွင့်ရတာ..ကံကောင်းတယ်လို့ ဆိုရမှာပါ...။ ကဗျာလေးတွေဆက်ရေးပါဦး...။ နှစ်သစ်မှာ အစစအဆင်ပြေ ချမ်းမြေ့ပါစေဗျား...
ခင်မင်တဲ့
ဏီလင်းညို

မိုးခါး said... @ January 7, 2010 8:46 PM

ခင်လို့ တဂ်တယ် မှတ်ပါတယ် .. :D
အင်း
ခုစဉ်းစားရင်းနဲ့တောင် လက်နှစ်ဖက်ပြည့်နေဘီ
ဘယ်လိုလုပ်ရပ
အပိုင်းခွဲရေးမှ ထင်တယ်
:P

reenoemann said... @ January 7, 2010 8:58 PM

ငါ့ညီ က မွေးနေ့တုန်းကတော့ ပျောက်နေပြီ
ခုမှ ဘယ်ကဘယ်လို ပြန်ပေါ်လာရတာလဲ။

စိတ်ဝင်းစားလို့ဖတ်လိုက်တာ တဂ့်နဲ့မှ မိရတယ်လို့။
လာမယ် ငါ့ညီ ကြာမယ်။

ဆောင်းနှင်းရွက် said... @ January 7, 2010 11:17 PM

ဖတ်သွားတယ် ... :)

ညရဲ့ကောင်းကင် said... @ January 8, 2010 12:44 AM
This post has been removed by the author.
ညရဲ့ကောင်းကင် said... @ January 8, 2010 12:46 AM

ှဗညား စာတွေပြန်ရေးပြီလား ... ကဗျာတွေလည်း ရေးပါကွာ...
နောက်ပြီး ကျေးဇူးတင်ပါ၏... ဘာလို့တင်လဲဆိုတာ သိတယ်ဟုတ်...ဟဲဟဲ...

ညီရေ တစ်ယောက်သောသူ နားလည်ပါစေကွာ...
ဗညားလိုပဲ ကျွန်တော်ကဗျာကို ချစ်တယ်... မြတ်နိုးတယ်...ဒါကြောင့် ကဗျာလောက်တောင် သစ္စာမရှိတဲ့သူတွေအတွက်ပဲ ကျွန်တော်ကဗျာတွေကို ဆက်ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်...

ခင်မင်လျက်
ညရဲ့ကောင်းကင်

Dream said... @ January 8, 2010 9:54 AM

ရေးပေးမယ်....နော်..........

မေဇင် said... @ January 8, 2010 10:38 AM

း)) ညားညား ရဲ့ ငယ် ကို ဆိုးတယ်လို့ မထင်မိဘူး...။ ကိုဗညား ကို ချစ်တယ် လို့ပဲ မြင်မိတယ်...း)) ။

Post a Comment

 

Lipsum

အကယ်၍သာ မြတ်ဗုဒွသည်
လူရွာထင်ရှား မပွင့်ငြားက
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ မသိရ
များလှအပြစ်တွေ . . . . . . . . .

ဗုဒွရှင်တော် ပွင့်ထွန်းပေါ်၍
ဟော်ဖော်ညွန်ကြား မြတ်တရားကြောင့်
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ သိကြရ
များလှကျေးဇူးတွေ . . . . . . . .

အရှင်ဇာနကာဘိဝံသ
မဟာဂန္ဓာရုံဆရာတော် . . . .