Sunrays

Blogger Template by ThemeLib.com

တလက်လက် လှိုင်းခတ်နေတဲ့ အလွမ်းအိမ်မက်

Published by ဗညားရှိန် under on Monday, December 21, 2009
.


လမိုက်ညထဲ အိပ်ရာဝင်သွားတဲ့ လရိပ်
တစ်စွန်းတစ်စ မြင်ချင်တဲ့  စိတ်အတွေးတွေနဲ့
ကြယ်ကတဲ့ တာရာအပေါ် မျှော်လင့်ချက်ကို အမြင့်ဆုံးချိတ်တင်
ကြွေကျလာတဲ့ အလွမ်းအစအနတွေကို နှလုံးကြိုးနဲ့ ကျစ်သီလို့
မဖြစ်နိုင်မှန်းသိရက်နဲ့လည်း ကြယ်ကြွေတိုင်း ဆုတောင်းနေမိတယ် . . . . .

ရင်ကို ဆွဲဆွဲ ချည်တဲ့မျက်လုံးတွေနဲ့
ငါ့အိမ်မက်ကို အကြိမ်ကြိမ်ဖွင့်ဖောက်
ခပ်ဖူးဖူး ပန်းရောင် နှုတ်ခမ်းက ထွတ်ကျလာတဲ့
မရိုးအီတဲ့ စကားလုံး တေးသံတွေနဲ့
ငါ့အိမ်မက်ထဲမှာပဲ အိမ်မက်တွေကို နှင်းကျစေခဲ့သူ . . . . .
                                                                                                                                                                                                                                                                                                                                                                                                                                                                                                          ငါ့လက်ရာနဲ့ ငါရေးတဲ့ ဘ၀ပုရပိုဒ်မှာ
မင်းက ငါ့လက်ထဲက ကညစ်
ငါ့အနာဂတ်စာမျက်နှာတွေ ဗလာမကျင်းသွားအောင်
ငါချန်ထားခဲ့လို့ မဖြစ်သလို
ငါ့လက်ထဲကလည်း နတ်ဖွက်ခံရလို့မဖြစ်ဘူး . . . . .

ကံကြမ္မာက ကြည်စားနေတာလား
လောကဓံကပဲ စမ်းသပ်နေတာလား
ကမ္ဘာတစ်ခြမ်းစီကွဲနေတဲ့ တို့နှစ်ယောက်
ခဏတာ ဆုံနိုင်ခွင့်ရဖို့တောင် ကံတရားက
ထစ်ချုန်းမိုး ရွာနေခဲ့တယ်

ကောင်မလေးရေ . . . . . .
မင်းကိုတွေ့ချင်တဲ့ စိတ်တွေနဲ့ ရူးရလွန်းလို့
ငါ့ရင်ဘတ်မှာ အလွမ်းတွေတလက်လက် လှိုင်းခတ်နေခဲ့ရပြီကွာ . . . . .

ဗညားရှိန် ( 21.12.09 , 12:53 AM )



25 comments:

မိုးစက်အိမ် said... @ December 21, 2009 2:42 AM

ကျွန်တော်လည်း ထပ်တူထပ်မျှပါဘဲ အစ်ကိုရေ
တွေ့ ချင်တဲ့ စိတ်က ပြင်းထန်လွန်းနေလို့  ရင်ခွင်
ရိုင်းမှာ လှိုင်းဂရက်တွေ အဆက်မပြတ်တိုက်ခတ်
နေတယ်ဗျာ . . .

ချမ်းလင်းနေ said... @ December 21, 2009 3:39 AM

တွေချင်နီးချင်သူတွေ ရင်ထဲ ဂယောက်ဂယက်လှိုင်းတွေထနေတာ ကဗျာနဲ့ပြောတော့ နူးညံ့လိုက်တာဗျာ။

သက်ထွန်းညိမ်း said... @ December 21, 2009 6:42 AM

ရင်ဘတ်ထဲမှာ အလွမ်းတွေလှိုင်းခတ်တာ လာကြည့်တာ
မိုးပါထစ်ချုန်းရွာတော့ သွားပြီပေါ့ နောက်တစ်ခါဆိုရင်
တွေ့ချင်စိတ်ကို လမင်းမှာ ချိတ်ဆွဲထား ကြယ်ကြွေပြီဆိုတာနဲ့ ခပ်ဖူးဖူးပန်းနုရောင်နှုတ်ခမ်းပေါ်ပစ်ချလိုက် တိကျပလေ့စေ မလွဲချော်စေနဲ့ ..အဲဒီအခါ တစ်လက်လက်နဲ့ လှိုင်းခတ်တဲ့အလွမ်း တစ်စက်စက်နဲ့ ငြိမ်းချမ်းသွားလိမ့်မယ်း)

ဂျပန်ကောင်လေး said... @ December 21, 2009 7:02 AM

သနားလိုက်တာဗျာ...း(((.. တကယ်ပါ... ဖတ်ပြီးတာနဲ့ ၀မ်းနည်းမိပါတယ်...

စည်သူ said... @ December 21, 2009 7:58 AM

ကဗျာတွေ ဖတ်ရတာ ကောင်းလိုက်တာဗျာ..
ကိုဗညားရှိန်က တစ်မျိုး.. ကိုမိုးစက်အိမ်က တစ်မျိုး.. အတော်လေးကို ဂွတ်တယ်ဗျာ..

တစ်မျိုးတော့ မထင်နဲ့ ကိုဗညားရေ..
အမှန်က “အိပ်မက်” မဟုတ်လား..
ဒါမှမဟုတ် “အိမ်မက်” လို့ တမင်ရေးထားတာလား..

ပျော်ရွှင်ပါစေဗျာ
ခင်မင်စွာဖြင့်
စည်သူ။

ညရဲ့ကောင်းကင် said... @ December 21, 2009 9:20 AM

ရင်ဘတ်မှာ အလွမ်းတွေတလက်လက် လှိုင်းခတ်နေပြီလား... ညီဗညားရေ..
အစ်ကိုတော့ ရင်ထဲမှာ မုန်တိုင်းထန်နေတာကွ ...
ဆူနာမီအကြီးစားဝင်လာတယ်ထင်တယ်...း(
မုန်တိုင်းဆဲသွားရင် ကြေအက်သွားမယ့် ပျက်စီးဆုံးရှုံးမှုကတော့ ကြောက်ခန်းမလိပဲ ...

ညီတို့ နှစ်ယောက် အမြန်ပြန်ဆုံစည်းနိုင်ကြပါစေ...
ဆုတောင်းပေးပါတယ်ကွာ...
ချစ်သူတိုင်း ဝေးမနေရပါစေနဲ့တော့...

ခင်မင်မှုဖြင့်
ညရဲ့ကောင်းကင်

~ဏီလင်းညို~ said... @ December 21, 2009 9:31 AM

ဗညားရေ...
ညတုန်းကတစ်ခေါက်ရောက်ဖြစ်ခဲ့သေးတာ...။
ကြာနေမှ ဖတ်ရတဲ့ကဗျာလေးတစ်ပုဒ်မှန်ပေမယ့်လည်း အရမ်းကောင်းတယ်...။
ချစ်ရသူကောင်မလေးနဲ့ မြန်မြန်နီးနိုင်ပါစေဗျားးးး။
“မရိုးအီတဲ့ စကားလုံး တေးသံတွေနဲ့
ငါ့အိမ်မက်ထဲမှာပဲ အိမ်မက်တွေကို နှင်းကျစေခဲ့သူ ”. . . . . အဲ့ဒီစကားလုံးလေးတွေကို နှစ်သက်မိတယ်...။
ခင်မင်တဲ့
ဏီလင်းညို

desertraindrops said... @ December 21, 2009 12:09 PM

ဗညားရေ..ကဗျာလေး တအားကောင်းတယ်ဟ။ တွေ့ချင်စိတ်ကြောင့် အလွမ်းတွေ တလက်လက် လှိုင်းခတ်နေရပြီပေါ့။

စာသားတွေလှတယ်။ တအားကြိုက်တယ်။

ဒဏ္ဍာရီ said... @ December 21, 2009 2:05 PM

မောင်လေးရေ... ကံကြမ္မာဆိုတာ ဒီလိုဒီလိုပဲပေါ့ မောင်လေးရယ်.. ဒါပေမယ့် ဘယ်လောက်ပဲ ဝေးနေနေ ဘာတွေပဲ ခြားနေခြားနေ နှလုံးသားချင်း နီးစပ်ပြီး ထပ်တူကြနေကြရင် နီးနီးလေးပါပဲ...။
ပျော်ရွှင်ချမ်းမြေ့ပါစေ...။

ခင်မင်လေးစားလျှက်

မြတ်မွန် said... @ December 21, 2009 4:02 PM

လောကကြီးကိုက အလွမ်းတွေနဲ့ တည်ဆောက်ထားသလိုပါပဲ..။
အားပေးလျှက်နော်..ကိုဗညာ..
အမြင်ဆုံး ပြန်ဆုံနိုင်ပါစေ..။

မိုးငွေ့..ဆိုတာ said... @ December 21, 2009 5:14 PM

အမယ်...မောင်မိုးစက်တို့က အဖော်ညှိနေတယ်...။
မောင်ဗညားကတော့ နှင်းခဲတွေအရမ်းကျနေတဲ့အထဲ အလွမ်းဖျားတွေတက်နေပြီ...း)

ခင်မင်လျက်
မိုးငွေ့

သိင်္ဂါကျော် said... @ December 21, 2009 6:10 PM

အိမ်မက်တွေကို နှင်းကျစေခဲ့သူ...
အလွမ်းတွေတလက်လက် လှိုင်းခတ်..

လှပတဲ့ အသုံးလေးတွေနဲ့.. ကဗျာကောင်းလေးပါ။

နွေဆူးလင်္ကာ said... @ December 21, 2009 7:12 PM

တလက်လက် လှိုင်းခတ်နေတဲ့ အလွမ်းတွေနဲ့ အိပ်မက် မက်သွားပါတယ်။

Lucifer said... @ December 21, 2009 7:26 PM

ဖတ်ပြီးမှ တွေးမိတယ်
ရင်ဘတ်ထဲးမှာ အလွမ်းတွေကျန်မှကျန်သေးလာလို့လေ..

ကြည်ဖြူပိုင် said... @ December 21, 2009 10:43 PM

ဗညားရေ..လွမ်းရတဲ့ရက်တွေအမြန်ချုပ်ငြိမ်းပြီး
ချစ်သောသူလေးနဲ့ အမြန်ဆုံးနီးစပ်ပါစေ
:)

အဖြူရောင်နတ်သမီး said... @ December 22, 2009 8:23 PM

ဘာပြောရမလဲ...
ဘာမှမပြောတော့ဘူး...
အဲဒါ....
အဲဒါ....လေး...
ပြောသွားတယ်....

ကဗျာဦး said... @ December 23, 2009 8:21 AM

ကဗျာကောင်းလှချည့်လား
ဓါတ်ပုံလာယှဉ်ကြည့်ပါအုံး

poemflower said... @ December 24, 2009 3:49 PM

ခေါင်းစဉ်က အလှဆုံးပဲ ကိုဗညားရေ

ဆောင်းယွန်းလ said... @ December 25, 2009 10:09 AM

ကောင်မလေးရေ . . . . . .
မင်းကိုတွေ့ချင်တဲ့ စိတ်တွေနဲ့ ရူးရလွန်းလို့
ငါ့ရင်ဘတ်မှာ အလွမ်းတွေတလက်လက် လှိုင်းခတ်နေခဲ့ရပြီကွာ . . . . .

လှိုင်းခတ်နေတာကိုလည်း ကောင်မလေးမြင်နိုင်မှာပါ
မုန်တိုင်းတွေထန်နေတာကိုလည်း ကောင်မလေးသိမှာပါ
မိုးတွေသည်းနေတဲ့အသံကိုလည်း ကောင်မလေးကြားမှာပါ..တကယ်လို့ ကောင်မလေးလည်း လွမ်းတတ်သူဖြစ်မယ်ဆိုရင်ပေါ့ ညီလေးရေ

ma said... @ December 25, 2009 10:21 AM

ကောင်မလေးရေ . . . . . .
မင်းကိုတွေ့ချင်တဲ့ စိတ်တွေနဲ့ ရူးရလွန်းလို့
ငါ့ရင်ဘတ်မှာ အလွမ်းတွေတလက်လက် လှိုင်းခတ်နေခဲ့ရပြီကွာ . . . . .

အမ် မယ် မယ်
ကောင်မလေးကိုလွမ်းတာ
လှိုင်းတွေခတ်လို့လား?
အမြန်တွေ့နိုင်ပါစေ

မနန်း said... @ December 25, 2009 10:24 AM

ကံကြမ္မာက ကြည်စားနေတာလား
လောကဓံကပဲ စမ်းသပ်နေတာလား
ကမ္ဘာတစ်ခြမ်းစီကွဲနေတဲ့ တို့နှစ်ယောက်
ခဏတာ ဆုံနိုင်ခွင့်ရဖို့တောင် ကံတရားက
ထစ်ချုန်းမိုး ရွာနေခဲ့တယ်

စိတ်မကောင်းလိုက်တာ ဗညားရေ
အမြန်ဆုံးတွေ့ခွင့်ရပါစေ

အနမ်း said... @ December 28, 2009 8:44 PM

ခံစားမှုပေါ်လွင်တဲ့ကဗျာလေးတစ်ပုဒ်ပါပဲ။
အဆင်ပြေပျော်ရွှင်နိုင်ပါစေ။

တလနွန် said... @ December 30, 2009 10:46 PM

ကဗျာလေးတစ်ပုဒ်လုံးကို ဖတ်ရင်း မျောသွားတာပဲဗျာ...တလက်လက် လှိုင်းခတ်နေတဲ့ အလွမ်းအိပ်မက်ကို ကောင်မလေးမြင်မှာပါ...

မနန်း said... @ January 2, 2010 11:50 AM

နှစ်သစ်မှာပျော်ရွှင်ပါစေ

မိုးခါး said... @ January 7, 2010 9:00 PM

ကဲ ကဲ
ငါ့သူငယ်ချင်း
အလွမ်းများ ငြိမ်းစေသတည်းး))

Post a Comment

 

Lipsum

အကယ်၍သာ မြတ်ဗုဒွသည်
လူရွာထင်ရှား မပွင့်ငြားက
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ မသိရ
များလှအပြစ်တွေ . . . . . . . . .

ဗုဒွရှင်တော် ပွင့်ထွန်းပေါ်၍
ဟော်ဖော်ညွန်ကြား မြတ်တရားကြောင့်
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ သိကြရ
များလှကျေးဇူးတွေ . . . . . . . .

အရှင်ဇာနကာဘိဝံသ
မဟာဂန္ဓာရုံဆရာတော် . . . .