ကဗျာတွေထဲ တိမ်တွေ သေနေတယ်
Published by ဗညားရှိန် under ကဗျာ on Friday, November 27, 2009.
" အလွမ်း " . .
ဒီဘာသာဗေဒမှာ
ငါ စာမတတ်ချင်ပဲ တတ်ခဲ့ရသူ
မဖတ်ချင်ပဲ ဖတ်ခဲ့ရသူ . . . . .
အသည်းမကွဲဘူး . .
မကြေကွဲသေးဘူး . .
ရင်ဘတ်ကြီး နည်းနည်းတော့
ပွင့်ထွတ်နေတယ် . . . . .
အမှောင်ရာသီရဲ့ ထောင့်စွန်းက
အရောင်မွဲနေတဲ့ ကြယ်တစ်လုံး
မင်းနက္ခတ်အောက်မှာ တောက်ပနေတယ်
ပြိုးပြက်တဲ့ အရောင်တွေ ပြန်မှိန်သွားမှာ
ငါ့ရာဇ၀င်တွေ မကြောက်ရွံ့ခဲ့ဘူး
အပျင်းပြေ ကစားပြီး ချန်ထားခံရမှာ
ငါဝိဥာဉ်တွေ ကြောက်ရွံ့နေတယ်
အမှောင်တွေ ငိုတဲ့ ညတွေမှာ
ငါ့ကို ပြန်မထားခဲ့ပါနဲ့ . . . . .
ငါပိုင်ခဲ့ဖူးတဲ့ တနင်္ဂနွေ သတို့သမီး
ပထမမြောက် ရဲရင့်ခြင်းတွေနဲ့
ငါ့နှလုံးအိမ်ထဲ မင်းကို ဆွဲထည့်
သိမ်းဝှက်ထားခဲ့ဖူးတယ်
ဗီးနပ်ရဲ့ နက္ခတ်တွေ အကြိမ်ကြိမ်ပွင့်
ကြယ်စုံခတဲ့ ညတွေမှာ
ပထမမြောက် ကြေကွဲခြင်းနဲ့
ငါ့ကောင်းကင်မှာ တိမ်တွေ မသေပါရစေနဲ့ . . . . .
ငှက်တစ်ကောင် အတောင်ပံခတ်တာတောင်
ငါ့ရင်မှာ ကကွက်ဆန်ဆန် . .
မင်းမရှိတဲ့ မနက်ဖြန်တွေမှာ
ငါ့ကဗျာတွေထဲ
တိမ်တွေ သေတာ ဆန်းသလားကွယ် . . . . .
ဗညားရှိန် ( 27.11.09 , 11:04 AM )
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဗီးနပ်စ်ရဲ့ကြယ်စုံခ ညတွေမှာ
ကဗျာထဲ တိမ်တွေသေခဲ့တာ
သိမ်းဝှက်ထားတဲ့ နှလုံးအိမ်မှာ
ရဲရင်ခြင်းနဲ့ ကြေကွဲခဲ့ဖူးတာ
အရောင်မွဲနေတဲ့ ကြယ်တစ်လုံးရဲ့ထောင့်စွန်းမှာ
အမှောင်တွေ ကြောက်ရွံ့နေခဲ့မိတာ
တနင်္ဂနွေသတို့သမီးရယ်
အပျင်းပြေရုံကစား ချန်မထားခဲ့ပါနဲ့
မင်းမရှိတဲ့ မနက်ဖြန်ဟာ
အလွမ်းရဲ့ မာတိကာဖြစ်သွားနိုင်လို့ပါ ။ ။
မိုးမြင့်တိမ်
( ကိုမိုးမြင့်ရဲ့ မန့်ခဲ့ပေးတဲ ကဗျာလေးပါဗျာ ၊ ကျွန်တော့် ကဗျာလေးထဲက စာသားတွေကိုပဲ ကဗျာ ပြန်ဖွဲ့ခဲ့ပေမဲ့ ကျွန်တော် နှစ်သက် လွန်းလို့ ပြန်တင်ထားခဲ့ ပါတယ်ဗျာ )



25 comments:
“ပြိုးပြက်တဲ့ အရောင်တွေ ပြန်မှိန်သွားမှာ
ငါ့ရာဇ၀င်တွေ မကြောက်ရွံ့ခဲ့ဘူး
အပျင်းပြေ ကစားပြီး ချန်ထားခံရမှာ
ငါဝိဥာဉ်တွေ ကြောက်ရွံ့နေခဲ့တယ်
အမှောင်တွေ ငိုတဲ့ ညတွေမှာ
ငါ့ကို ပြန်မထားခဲ့ပါနဲ့ . . . . .“
ခံစားရတယ်...တကယ်ကွာ
ညီ...ဗညားရဲ့ ကောင်းကင် မှာလည်း
တိမ်တွေမသေပါစေနဲ့လို့ ဆုတောင်းပေးပါတယ်...
ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်
ဗညားရေ ... ရေးလိုက်တဲ့ ကဗျာလေးတွေမှာ အလွမ်းတွေကို အမြဲတမ်း မြင်တွေ့နေရတယ်နော်။ ဘ၀ဆိုတာ ကြယ်လေးတွေလိုပဲပေါ့ မှိန်တလှည့် လင်းတလှည့်နဲ့ ကြံ့ကြံ့ခံရင်း လျှောက်လှမ်းနေရတာပါ။ အဲဒီအတွက် ခိုက်မြဲစွာ တွဲသွားနိုင်မယ့် လက်တစ်စုံ လိုအပ်နေမြဲလေ...။
ပြိုးပြက်တဲ့ အရောင်တွေ ပြန်မှိန်သွားမှာ
ငါ့ရာဇ၀င်တွေ မကြောက်ရွံ့ခဲ့ဘူး
အပျင်းပြေ ကစားပြီး ချန်ထားခံရမှာ
ငါဝိဥာဉ်တွေ ကြောက်ရွံ့နေခဲ့တယ်
အမှောင်တွေ ငိုတဲ့ ညတွေမှာ
ငါ့ကို ပြန်မထားခဲ့ပါနဲ့ . . . . .
ဒီအပိုဒ်လေးကို နှစ်သက်စွာ ပြန်ဖေါ်ပြခဲ့တယ်နော်။ အမ နှစ်သက်မိတဲ့ ကဗျာအပိုင်းလေးပါ...။
ခင်မင်လေးစားလျှက်
မင်းမရှိတဲ့ မနက်ဖြန်တွေမှာ
ငါ့ကဗျာတွေထဲ
တိမ်တွေ သေတာ ဆန်းသလားကွယ် . . . . .
ကောင်းလိုက်တဲ့  အဆုံးသတ်ဗျာ ခံစားချက်
တိုက်ဆိုင်တဲ့ လူသာရှိရင် တော်တော်စားမဲ့ 
စကားလုံးဘဲဗျာ . . . :)
အသည်းမကွဲဘူး . .
မကြေကွဲသေးဘူး . .
ရင်ဘတ်ကြီး နည်းနည်းတော့
ပွင့်ထွတ်နေတယ် . . . . .
ဒီစာသားလေးကိုကြိုက်တယ် ကိုဗညားရေ
ဗညားရေ...
“အသည်းမကွဲဘူး . .
မကြေကွဲသေးဘူး . .
ရင်ဘတ်ကြီး နည်းနည်းတော့
ပွင့်ထွတ်နေတယ် ” . . . . .
အဲ့ဒီအပိုဒ်လေးက..တစ်ကယ်မိုက်တယ်...။
ကဗျာလေး...အရမ်းကောင်းတယ်...။
ခင်မင်လျှက်...
ဏီလင်းညို
ကဗျာလေးဖတ်သွားတယ်...
ကဗျာ အဆုံးပိုဒ်လေးကို သဘောကျတယ်...
ငါ့ညီ ကတော့ ကဗျာရေးတာ တော်တယ်။
ဖတ်ရင်နဲ့ နစ်၊ နစ်ရင်းနဲ့ ဖတ်နေမိတော့တယ်။
နေကောင်းလားညီ
ခင်တဲ့ ကိုရီနို
တိမ်တွေသေနေရင် ကမ္ဘာကြီးတော့ နံဆော်နေတော့မှာဘဲ။
ဒုတ်ခေါ ဘုတ်ဒေါ
နောက်တာ
ဟိဟိ
ခံစားဖတ်သွားပါတယ် ကိုဗညား
အလွမ်း " . .
ဒီဘာသာဗေဒမှာ
ငါ စာမတတ်ချင်ပဲ တတ်ခဲ့ရသူ
မဖတ်ချင်ပဲ ဖတ်ခဲ့ရသူ . . . . .
အလွမ်းတွေတောက်စားတဲ့ ညကမ္ဘာမှာ
အလွမ်းတွေတနံတလျား ယဉ်ပါးနေခဲ့ပြီလား ညီလေးရာ.
ရင်ထဲထိကြည့်လို့မြင်ရပါတယ်....
တချိန်ချိန် အိမ်ပြန်ချိန်ရောက်ရင်ပဲ တနင်္ဂနွေသတို့သမီးနဲ့ ပြန်လည်ဆုံဆည်းနိုင်ပါစေ ညီလေးရေ...........
အလွမ်းတွေကို မကြိုက်ပေမယ့်
အလွမ်းကဗျာတွေကိုနှစ်နှစ်သက်သက်ကိုခံစားနေတုန်းပါ
း)
ဟာ... ကိုယ့်လူ ဒီတစ်လလုံး အလွမ်းငွေ့တွေ လှိုင်လှိုင်ထနေတာပဲ။
သူများတွေ တပိုဒ်ပြီး တပိုဒ်ကောင်းတယ်ပြောနေကြတာ ကျနော်လည်း ဘယ်အပိုဒ်ကောင်းတယ်ပြောရမလဲ လိုက်ရှာနေတာ ပြောစရာဆိုလို့ ခေါင်းစဉ်နဲ့ နာမည်ပဲကျန်တော့တယ်။ အားလုံးကောင်းတယ်
ကြယ်စုံခတဲ့ ညတွေမှာ
ပထမမြောက် ကြေကွဲခြင်းနဲ့
ငါ့ကောင်းကင်မှာ တိမ်တွေ မသေပါရစေနဲ့ ဆိုတာနှင့်
မင်းမရှိတဲ့ မနက်ဖြန်တွေမှာ
ငါ့ကဗျာတွေထဲ
တိမ်တွေ သေတာ ဆန်းသလား။
ဆိုတဲ့စာသားတွေက ထိရှလွန်းတယ်ဗျာ။ အကိုရေ ကဗျာလေးကို ကြိုက်တယ်ဗျာ။
အလွမ်းတွေ တအုပ်တကျင်းကို
ကောင်းကင်က သူ့တံစက်မြတ်မှာ ချိတ်ဆွဲထားတော့
နေလကြယ်တွေကွယ်ပျောက်
အလွမ်းတိမ်တွေ တောက်စားရင်း
ကဗျာပန်းခင်းတွေ မိုင်းညှို့လို့ပေါ့။
ဗညားရေ
ပျော်ရွှင်ပါစေဗျာ
ဗီးနပ်စ်ရဲ့ကြယ်စုံခ ညတွေမှာ
ကဗျာထဲ တိမ်တွေသေခဲ့တာ
သိမ်းဝှက်ထားတဲ့ နှလုံးအိမ်မှာ
ရဲရင်ခြင်းနဲ့ ကြေကွဲခဲ့ဖူးတာ
အရောင်မွဲနေတဲ့ ကြယ်တစ်လုံးရဲ့ထောင့်စွန်းမှာ
အမှောင်တွေ ကြောက်ရွံ့နေခဲ့မိတာ
တနင်္ဂနွေသတို့သမီးရယ်
အပျင်းပြေရုံကစား ချန်မထားခဲ့ပါနဲ့
မင်းမရှိတဲ့ မနက်ဖြန်ဟာ
အလွမ်းရဲ့ မာတိကာဖြစ်သွားနိုင်လို့ပါ ။ ။
ကိုဗညားရေ ဆရာ့ကဗျာထဲက စကားလုံးလေးတွေနဲ့ဘဲ ဆရာ့ကဗျာလေးကို ပြန်မန့်ခဲ့တယ်။ စကားလုံးအားတွေ ကောင်းတယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ငှက်တစ်ကောင် အတောင်ပံခတ်တာတောင်
ငါ့ရင်မှာ ကကွက်ဆန်ဆန် . .
မင်းမရှိတဲ့ မနက်ဖြန်တွေမှာ
ငါ့ကဗျာတွေထဲ
တိမ်တွေ သေတာ ဆန်းသလားကွယ် . . . . .
ဆန်းသစ်လိုက်တာနော်
နောက်ဆုံးအပိုဒ်အကြိုက်ဆုံး ....
ဖတ်လိုက်ရတာ ရင်ထဲ လေးလေးနက်နက်ရောက်တယ်.... :)
ကဗျာတွေထဲ တိမ်တွေသေနေသတဲ့လား ..... ကဗျာမလေး ကတော့ ဘလော့ထဲမှာ ကဗျာတွေသေနေလေရဲ့ ..... ကဗျာကောင်းလေးကို လာရောက်ခံစားတာပါ။ :)
နောက်ကျမှ ကျနော်ဖတ်ရတယ် .. ဒါပေမယ့် ကျနော့်သူငယ်ချင်း မင်းပြောသလိုပဲ .. စာဆိုတာ ပုပ်သိုးကုန်ဆုံးသွားမယ့်အရာမှ မဟုတ်တာ .. ဖြေးဖြေးချင်း အရသာခံဖတ်ရတာ .. အကောင်းဆုံးပဲတဲ့ .. အကောင်းစား ကော်ဖီတစ်ခွက်ထက် ချိုမြိန်တယ်တဲ့ ..
ကျနော်လဲ ကဗျာလေးဖတ်ပြီး
ရင်ထဲမှာ အတော်ကို နှစ်သက်သွားလို့ .. ကူးပလိုက်ပြီ။ =)
ကိုဗညား
အသစ်လာခြောင်းတယ်
ကဗျာဆရာ ကိုဗညားေ၇......နောင့် က ကဗျာ ကိုရေးလဲ မရေးတတ်ဘူး.. အဓိပ္ပါယ် မပြန်တတ်သူပါ...။ ဒါပေမယ့်...ဒီကဗျာကိုတော့ ရေးရေးလဲ ဘာသာပြန်တတ်သလိုပဲ..း))
“အမှောင်ရာသီရဲ့ ထောင့်စွန်းက
အရောင်မွဲနေတဲ့ ကြယ်တစ်လုံး
မင်းနက္ခတ်အောက်မှာ တောက်ပနေတယ်”
အလွမ်းထဲ သေနေရတာ တိမ်တွေတင် မကပါဘူး...။
ဆရာသမားက ငါ့ကို လာနောက်သွားတယ်လား .. ဟွန်းးးးးးးးးးးးးးးးးးး
လွမ်းပါ လွမ်းပါ
သတို့သမီးလေးကို အမြန်ခေါ်နိုင်အောင် လုပ်ဟေ့း))
Post a Comment