”ကဗျာကမ်းနဖူးမှာ ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းရူး”
Published by ဗညားရှိန် under ကျွန်တော်နှစ်သက်မိသော ကဗျာများ on Monday, November 23, 2009 .
အမြဲရွဲ့နေတဲ့ကောင်
ဘယ်သူ့စကားမှလည်း နားမထောင်ချင်ဘူး..
အမြဲစောင်းနေတဲ့ကောင်
ဘယ်သူအချိုးချချ
ကိုယ်က တည့်တည့်နေမပြချင်ဘူး…
ဘယ်ခွက်ထဲထည့်ထည့်
ကိုယ့်ပုံစံကလွဲပြီး ဘယ်ပုံစံမှမထွက်ဘူး
ဘယ်ပေတံနဲ့တိုင်းတိုင်း
ကိုယ်က ခပ်ရိုင်းရိုင်းပဲ ယဉ်ကျေးတတ်တယ်….
အရာရာကို
အကောင်းမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ ခက်နေသေးတယ်
တချို့အရာတွေကို
အဆိုးမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ လွယ်ကူခဲ့တယ်….
ဘယ်သူသဘောတူတူ မတူတူ
ကိုယ့်အယူနဲ့ကိုယ် ကွဲလွဲစွာနေထိုင်တယ်
လွဲမှားတယ်ပဲပြောပြော
ကိုယ့်သဘောနဲ့ကိုယ်
ဘဝကို ဂျစ်ပစီတကောင်လိုကျင့်ခဲ့ပြီး
စိတ်တွေကို ဂျစ်ပစီတကောင်လိုလွှင့်ခဲ့တယ်….
ဟန်ဆောင်နေရမှ
အချိုးလှနေတတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ
ကိုယ်က အရိုင်းကျောက်ခဲတလုံး
ဘယ်သူသုံးသုံး မသုံးသုံး
ကိုယ့်နှလုံးနဲ့ကိုယ် ကိုယ့်ထုံးကိုယ်မူတယ်….
လူရယ်လို့ဖြစ်လာကတည်းက
ကိုယ်က အားနည်းတဲ့ဘက်မှာ နေသားကျခဲ့တယ်
လက်ဖဝါးနှစ်ဖက်နဲ့ ရုံပွဲမကြည့်တတ်ပေမယ့်
နှလုံးသားတစုံနဲ့တော့
အားနည်းသူကို ဝိုင်းကူရင်ခုန်ပေးတတ်ခဲ့ပါတယ်…
ဘာရယ်မဟုတ်ပါဘူး
လူတိုင်းသုံးဖူးတဲ့ လက်သုံးစကား
လူတိုင်းလည်း ကြားဖူးမှာပေါ့
လူတိုင်း တယောက်တနေရာ
သူ့အထာနဲ့သူ ရူးသွပ်နေကြတယ်ဆိုတာ…....
ဒီတော့
ကိုယ်လည်း ကိုယ့်ရုးသွပ်မှုနဲ့ကိုယ်
ကိုယ့်မာနအိုအိုတွေအပေါ် တွဲခိုနေပျော်ရုံလောက်ပါ
တချို့တဏှာရူး တချို့အချစ်ရူး
တချို့အာဏာရူး တချို့ဥစ္စာရူး
တချို့ဘဝင်ရူး တချို့….ရူး
တဒေါင့်တနေရာစီရူးနေကြတဲ့ အရူးလောကမှာ
ကိုယ်က တမျိုးတဘာသာ ခပ်ဆန်းဆန်း
ကိုယ့်အမြင်ခပ်ကြမ်းကြမ်းတွေပေါ်မှာ
တစုံတရာကို ယဉ်ယဉ်လေး လွမ်းနေတတ်တဲ့ကောင်
ကဗျာကမ်းနဖူးမှာ တောင်တောင်မြောက်မြောက်တွေးရင်း
ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းရူး…………………………….။
ဘယ်သူ့စကားမှလည်း နားမထောင်ချင်ဘူး..
အမြဲစောင်းနေတဲ့ကောင်
ဘယ်သူအချိုးချချ
ကိုယ်က တည့်တည့်နေမပြချင်ဘူး…
ဘယ်ခွက်ထဲထည့်ထည့်
ကိုယ့်ပုံစံကလွဲပြီး ဘယ်ပုံစံမှမထွက်ဘူး
ဘယ်ပေတံနဲ့တိုင်းတိုင်း
ကိုယ်က ခပ်ရိုင်းရိုင်းပဲ ယဉ်ကျေးတတ်တယ်….
အရာရာကို
အကောင်းမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ ခက်နေသေးတယ်
တချို့အရာတွေကို
အဆိုးမြင်ဝါဒနဲ့ ကြည့်နိုင်ဖို့အတွက်
နဲနဲတော့ လွယ်ကူခဲ့တယ်….
ဘယ်သူသဘောတူတူ မတူတူ
ကိုယ့်အယူနဲ့ကိုယ် ကွဲလွဲစွာနေထိုင်တယ်
လွဲမှားတယ်ပဲပြောပြော
ကိုယ့်သဘောနဲ့ကိုယ်
ဘဝကို ဂျစ်ပစီတကောင်လိုကျင့်ခဲ့ပြီး
စိတ်တွေကို ဂျစ်ပစီတကောင်လိုလွှင့်ခဲ့တယ်….
ဟန်ဆောင်နေရမှ
အချိုးလှနေတတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ
ကိုယ်က အရိုင်းကျောက်ခဲတလုံး
ဘယ်သူသုံးသုံး မသုံးသုံး
ကိုယ့်နှလုံးနဲ့ကိုယ် ကိုယ့်ထုံးကိုယ်မူတယ်….
လူရယ်လို့ဖြစ်လာကတည်းက
ကိုယ်က အားနည်းတဲ့ဘက်မှာ နေသားကျခဲ့တယ်
လက်ဖဝါးနှစ်ဖက်နဲ့ ရုံပွဲမကြည့်တတ်ပေမယ့်
နှလုံးသားတစုံနဲ့တော့
အားနည်းသူကို ဝိုင်းကူရင်ခုန်ပေးတတ်ခဲ့ပါတယ်…
ဘာရယ်မဟုတ်ပါဘူး
လူတိုင်းသုံးဖူးတဲ့ လက်သုံးစကား
လူတိုင်းလည်း ကြားဖူးမှာပေါ့
လူတိုင်း တယောက်တနေရာ
သူ့အထာနဲ့သူ ရူးသွပ်နေကြတယ်ဆိုတာ…....
ဒီတော့
ကိုယ်လည်း ကိုယ့်ရုးသွပ်မှုနဲ့ကိုယ်
ကိုယ့်မာနအိုအိုတွေအပေါ် တွဲခိုနေပျော်ရုံလောက်ပါ
တချို့တဏှာရူး တချို့အချစ်ရူး
တချို့အာဏာရူး တချို့ဥစ္စာရူး
တချို့ဘဝင်ရူး တချို့….ရူး
တဒေါင့်တနေရာစီရူးနေကြတဲ့ အရူးလောကမှာ
ကိုယ်က တမျိုးတဘာသာ ခပ်ဆန်းဆန်း
ကိုယ့်အမြင်ခပ်ကြမ်းကြမ်းတွေပေါ်မှာ
တစုံတရာကို ယဉ်ယဉ်လေး လွမ်းနေတတ်တဲ့ကောင်
ကဗျာကမ်းနဖူးမှာ တောင်တောင်မြောက်မြောက်တွေးရင်း
ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းရူး…………………………….။
ရေးသူ ။ ။ ဆောင်းယွန်းလ ( http://saungyunela.blogspot.com/ )
ဒီကဗျာလေးက ကျွန်တော်ရဲ့ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကအစ တော်တော်ထပ်တူကျနေတဲ့ ကဗျာလေးမို့ ကျွန်တော် နှစ်သက်စွာ ကူးယူထားမိပါတယ် ။ အစက ဆိုဒ်ဘားမှာ တင်ထားမလို့ ကိုဆောင်းယွန်းကို ခွင့်တောင်းထား ခဲ့ပြီးပေမဲ့ Template ပြင်တိုင်း ဆိုဒ်ဘားက လင့်တွေရော စာတွေပါ ပျောက်ပျောက်သွားလို့ အခု ဘလော့ပို့စ် ထဲမှာပဲ ကျွန်တော်နှစ်သက်သောကဗျာများ ဆိုတဲ့ ခေါင်းစဉ်အောက်မှပဲ ထည့်သွင်းထားခဲ့ ပါတယ် ။


12 comments:
အင်း.. မောနင်း ဂွတ်ဂွတ်..
မအိပ်ရသေးလို့ မိသွားတာ..း)
အင်း..
မဖတ်ဖူးဘူး ကိုဗညားရေ..
ခုမှဖတ်ရတာ အတော်လေးကို ကောင်းပါတယ်..
စာသားတွေက လူ့ဘဝကြီးထဲမှာ ရှိနေကြတဲ့.. သူ့ဖာသာသူ တစ်မျိုးဟုတ်တစ်မျိုး ရူးသွပ်နေသူတွေကို ဖော်ပြပေးနေသလိုပါပဲ..
လူတိုင်းဟာ အရူးတဲ့
ယဉ်ယဉ်လေး ရူးးတာနဲ့ များများရူးတာတော့ ကွာပါ့ဗျာ..
ကျွန်တော်လည်း ရူးရူးယဉ် နေသူတစ်ယောက်ပါ..းP
ပျော်ရွှင်ပါစေ
စည်သူ။
အားပါးပါး.. ကြိုက်တယ် ဒီကဗျာ... တကယ်တမ်းတော့လေ တကယ်ကိုပဲ ဒီလိုနေချင်တယ်... ကိုယ့်စိတ်ကြိုက်ပြော.. ကိုယ့်စိတ်ကြိုက်လုပ်... ဒါပေမယ့် အသိုင်းအ၀ိုင်းကို ငဲ့ကြည့်တတ်တဲ့ စိတ်ကြောင့် မွန်းကျပ်သဗျ....
ငါလည်း ကြိုက်တယ် ..း))
“ဟန်ဆောင်နေရမှ
အချိုးလှနေတတ်တဲ့ လူ့အသိုင်းအဝိုင်းထဲမှာ
ကိုယ်က အရိုင်းကျောက်ခဲတလုံး
ဘယ်သူသုံးသုံး မသုံးသုံး
ကိုယ့်နှလုံးနဲ့ကိုယ် ကိုယ့်ထုံးကိုယ်မူတယ်….”
ကြိုက်တယ်ဗျာ...ကဗျာကို
ဟုတ်တယ် နော် ..
တစ်ခါတစ်လေ
ကိုယ့်စိတ်ကြိုက် နေလိုက်ချင်တယ် ..
ဒီကဗျာ ကို တော်တော် ကြိုက်တယ် ဗျာ ..
ကိုဆောင်းယွန်းလ ကဗျာလေးကိုသဘောကျတယ်ဗျာ။
လူတွေအကုန်ဟာအရူးလား။ ဘယ်သူကတော့ တစ်မူးသာမလဲ။
ကိုဗညား
ကဗျာတွေလာဖတ်သွားတယ်နော်
ကဗျာလေးကိုဖတ်ရင်း ကိုယ့်ကိုယ့်ကို ပြန်မြင်နေရသလိုပဲ ခံစားမိပါတယ်။
ကိုယ့်လို ခပ်ရူးရူးလူတွေ ရှိနေတာသိရလို့ အားတက်မိသလိုပဲ :)
အဲ အလွမ်းရူးတော့မဟုတ်ပါဘူး
ခပ်ကြောင်ကြောင်အတွေးတွေနဲ့ ရူးနေတဲ့ အတွေးရူးပေါ့......။
ကိုဗညားရေ...
အပေါ်ကတစ်ယောက်ပြောသွားသလိုပဲ..ဒီကဗျာကောင်းလေးကိုဖတ်ရင်း...ကိုယ့်ကိုယ်ကို ပြန်မြင်မိသွားသလိုလိုဗျာ...။
ရေးတဲ့ အစ်ကိုကလည်း..တော်လိုက်တာဗျာ...။
ဖတ်ရတာ...တစ်ကယ်ကျေးဇူးပါဗျနော့်...။
ခင်မင်လျှက်...
ဏီလင်းညို
ဒီကဗျာလေးကို ကိုဆောင်းဆီမှာ ဖတ်ခဲ့ဘူးတယ်။ လူဆိုတာ အတ္တတွေနဲ့ ရူးသွပ်နေသူတွေပဲ မောင်လေးရေ...
ခင်မင်လေးစားလျှက်
အကို ဆောင်း ကဗျာတွေ က တန်ဖိုးရှိတဲ့ ကဗျာတွေပါပဲ..
Post a Comment