Sunrays

Blogger Template by ThemeLib.com

အရူးရင့်စိတ်

Published by ဗညားရှိန် under on Wednesday, November 18, 2009
.



အသဲကွဲ ကဗျာတစ်ပုဒ် ရေထဲ ပြုတ်ကျသွားတယ်
ကောက်ယူမယ့် လက်တွေအနောက် စိတ်တွေ ပါမသွားဘူး
မျောသွားတဲ့ အရာဝတ္တုကို သစ်ရွတ် တစ်ရွတ်လို တွေး ငေး ကြည့်
အေးစက်ထုံကျင် လက်တွေ ၊ သွေးမဲ့ မျက်နှာ ၊ စိတ်မရှိတဲ့ ကိုယ်
အရာရာဟာ လေးလံတုံ့ဆိုင်း ငါ့စိတ်ထဲမှာ ငါ့ကိုယ်က ပျောက်ဆုံးနေတယ် . . .

သူသီသွားတဲ့ စကားလုံးအစအနတွေ
နားထဲ ဘောင်ဘင်ရိုက်ခတ် နှလုံးသားထဲပါ ဖောက်ထွင်း
ဘယ်န၀င်ပီယံသီချင်းမှ ငါ့ရင်ဘတ်ထဲ ပြေးမ၀င်လာနိုင်ခဲ့ဘူး
စိတ်တွေ . .
ရှာမတွေ့တော့တဲ့သူတစ်ယောက် အနောက်
လမ်းပျောက်နေတဲ့ တိမ်တွေလို ကစဥ့်ကလျှား လွင့်ဝေးပြေးလိုက် . . .

ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေ ခေါက်သိမ်းထုပ်ပိုး
အတ္တမဲ့ လမ်းပေါ် တက်လျှောက် ကြည့်တယ်
နင်းချမိလိုက်တာ လိုချင်တပ်မက်မှုတွေ အပြုံလိုက် အတစ်လိုက် . . .
ချစ်သူ . . . . .
ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေအနောက်မှာ
ငါဟာ နေမြင့်လေ အရူးရင့်လေ ဖြစ်ခဲ့ရပြီး . . .


ဗညားရှိန် ( 18.11.09 , 00:15 AM )
.

16 comments:

မိုးခါး said... @ November 18, 2009 1:38 PM

အဲဒါ လောဘလို့ ခေါ်တယ်ဟ မကောင်းဘူး ..
ပယ် ပယ် .. :P
နောက်တာ
ကဗျာ ကြိုက်တယ် ..း))
အသည်းကွဲနေတာလား .. မတွေ့တာကြာပြီ နောက်မှတွေ့မယ် ..း))

မြစ်ကျိုးအင်း said... @ November 18, 2009 5:14 PM

စိတ်ကိုလျော့ပါ

အသဲကွဲကဗျာတွေ ဖတ်ရရင် စိတ်က သိပ်နေလို့ မကောင်းဘူးဗျာ :)

ညရဲ့ကောင်းကင် said... @ November 18, 2009 5:35 PM

ဗညားရေ...
အရူးရင့်တဲ့စိတ်က
တိုးတိတ်လာသလိုနဲ့
အစိုးမရတဲ့ စိတ်က
ဘ၀ကိုမွှေတယ်...
ရှင်သန်ခြင်းရဲ့ နောက်မှာ
ကျရှုံးခြင်းမို့...
ချစ်ခြင်းအဆုံး
စိတ်နိဂုံးကို
ဘယ်လိုကုန်ဆုံးစေနိုင်လဲ....

း(

စည်သူ said... @ November 18, 2009 9:24 PM

ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေ ခေါက်သိမ်းထုပ်ပိုး
အတ္တမဲ့ လမ်းပေါ် တက်လျှောက် ကြည့်တယ်
နင်းချမိလိုက်တာ လိုချင်တပ်မက်မှုတွေ အပြုံလိုက် အတစ်လိုက် . . .
ချစ်သူ . . . . .
ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေအနောက်မှာ
ငါဟာ နေမြင့်လေ အရူးရင့်လေ ဖြစ်ခဲ့ရပြီး . . .

ဒီအပိုဒါလေးကို ကြိုကတ်တယ်..
လက်ရှိပစ္စုပ္ပန်မှာ ဒီလိုဖြစ်နေတာကို တွေ့ရတယ်..

အဲလိုသာဆိုရင် မကောင်ဘူးဗျာ..

ကဗျာက စာရေးသူရဲ့ ခံစားချက်ဆိုရင်
ဟဲဟဲဟဲ.. လျှော့လျှော့.. လျှော့..

ခင်မင်စွာဖြင့်
စည်သူ။

~ဏီလင်းညို~ said... @ November 18, 2009 9:59 PM

ကဗျာလေးဖတ်ပြီး...စိတ်ထဲမှာ...တစ်မျိုးဖြစ်သွားတယ်ဗျာ....။

သိင်္ဂါကျော် said... @ November 18, 2009 10:33 PM

စကားလုံးလေးတွေ လှတယ်..

ပိုင်ဆိုင်ချင်ရင် ပိုင်ဆိုင်နိုင်အောင် ကြိုးစားရမှာပေါ့ :P

မိုးစက်အိမ် said... @ November 19, 2009 12:33 AM

နေမြင့်လေ အချစ်ရင့်လေ လို့ ဘဲ ခံစားသွားရတယ်ဗျာ
စကားလုံးသုံးတာလေးတွေ နူးညံ့ တယ်ဗျာ :)

ဒဏ္ဍာရီ said... @ November 19, 2009 9:59 AM

မောင်လေးရေ .... အချစ်ဆိုတာ အတ္တနဲ့ မကင်းကြဘူးလေ..။ ဒီအတ္တတွေကို ထာဝရ ခေါက်သိမ်းနိုင်ရင်တော့ အကောင်းဆုံးပေါ့ မောင်လေးရယ်...။

ပျော်ရွှင်ပါစေနော်..။

ခင်မင်လေးစားလျှက်

kiki said... @ November 19, 2009 12:09 PM

ကိုဗညားရေ ။
အရင်ကတော့ တံတားလေး ..
ခုတော့ .. အင်း နဲနဲ ပိုဝေးသွားပြီ ။
ရွာ သာ ကြီး လိုက် ပို့ ပေးရမလား ဟင်..
ကူညီပါရစေ .....း))

ဂျပန်ကောင်လေး said... @ November 19, 2009 6:14 PM

ကိုဗညားရေ.... အခု ဘယ်အဆင့်ထိ ရင့်နေပြီလဲ...းP...ကဗျာကို ကျွန်တော်နားလည်တာက တစ်မျိုးဖြစ်နေမယ် ထင်တယ်...ပထမအပိုဒ်ကိုကြိုက်တယ်...

အနှိုင်းမဲ့ said... @ November 19, 2009 8:54 PM

နေမြင့်လေ အရူးရင့်လေ..ဆိုတာဟုတ်တယ်.. :)

ဇော် said... @ November 20, 2009 4:01 AM

အား .. သိပ်လှတဲ့ ကဗျာလေးပဲ ..
ဖတ်ပြီးရင်း အထပ်ထပ် ဖတ်နေခဲ့မိတယ် ..
ဟင့်အင်း .. ကျနော် ဘယ် အပိုဒ်ကိုမှ ရွေးမထုတ်ချင်ဘူး .. ခံစားချက်တွေ ပျက်စီးကုန်မှာကို နှမြောမိလို့ .. ကဗျာရဲ့လှပခြင်းကို ကိုရှိန့်ဆီမှာ အမြဲတွေ့နေရတာ ကျနော် သိပ်လေးစားတယ်ဗျာ ..
ကျနော်ကတော့ အပေါ်က ကွန်းမန့်တွေလို ကိုရှိန် အသည်းကွဲနေတယ်လို့ မထင်ပါဘူး .. ပြီးတော့ ၀မ်းနည်းစရာကောင်းလိုက်တာလို့လဲ မထင်ဘူး။ ကိုရှိန့်ဝိဥာဉ် ကဗျာထဲမှာ စီးမျောသွားတယ်လို့ပဲ ခံစားလိုက်မိတယ် .. ကျနော် သိပ်ကြိုက်မိတယ်ဗျာ .. နောက်ပြီး ဒီကဗျာလေးကို ကျနော် အမှတ်တရ သိမ်းလိုက်မိတယ် .. ကျနော် သိပ်ခင်ရတဲ့ ကဗျာချစ်သူ ကျနော့်စိတ်နီးချင်း သူငယ်ချင်းကို လက်ဆောင်ပေးလိုက်မယ်နော် .. =)

ပျော်ရွှင်ပါစေ ..

ဇော် said... @ November 20, 2009 4:03 AM

စတုတ္တ အကြိမ်မြောက်ဖတ်အပြီးမှာ ပိုသေချာသွားတယ် ..
သိပ်ကိုလှလွန်းတယ် .. စိတ်ထဲကို စူးခနဲ နစ်မြောသွားစေတယ် ..
ရေးဖွဲ့သူ .. တော်လိုက်တာ ..

ဇော် said... @ November 20, 2009 4:14 AM

ကျနော် ကွန်းမန့်ရေးအပြီးမှာ ကျနော်နဲ့ ကျနော့်စိတ်နီးချင်း သူငယ်ချင်းတို့ ကဗျာလေးထဲက အပိုဒ်တွေကို ဆွေးနွေးနေကြပြီ ..
ခံစားချက်တွေ တူညီနေကြတယ်လေ .. နောက် စီးမျောနေကြတယ် ..
ကိုရှိန် .. ဂုဏ်ယူပါတယ်ဗျာ .. သိပ်တော်တာပဲ .. =)

( ကျနော် ဒီလို ကွန်းမန့်မျိုး ဘယ်သူ့ကိုမှ မပေးခဲ့ဖူးဘူးဆိုတာ သိမှာပါ .. ကျနော် သိပ်ကြိုက်လွန်းတဲ့ ၀တ္တုနဲ့ ကဗျာတွေမှာသာ ခုလိုမျိုး တခုတ်တရ ပေးလေ့ရှိပါတယ်.. ဒါဟာ ခံစားချက်နဲ့ဆိုင်မယ်ထင်ပါရဲ့ .. အဲ့လိုမှ မဟုတ်ရင်တော့ ကျနော့်ကွန်းမန့်ဟာ သာမန် ကျနော်ဖတ်သွားတယ်ဆိုတာကို အသိပေးရုံလောက်ပဲ ရှိပါလိမ့်မယ် .. ခုလို ကျနော်ရှင်းပြရတာက ကျနော်ဘယ်လောက် နှစ်ခြိုက်သွားတယ်ဆိုတာကို ဖန်တီးရှင်ရဲ့ နှလုံးသားက သိစေချင်လို့ပါ .. သူ့အတွက် အဖိုးအခနဲ့ ကောင်းချီးဖြစ်တယ်ဟုတ် .. သိပ်တော်တာပဲလို့ ထပ်ချီးကျူးပါရစေ .. =] )

poemflower said... @ November 20, 2009 10:13 AM

ကဗျာကောင်းလေးကို လာဖတ်ပါတယ် ကိုဗညားရေ

ဆောင်းယွန်းလ said... @ November 21, 2009 10:03 AM

ညီလေးရေ...ကဗျာလေးသိပ်ကောင်းတယ်
ဖတ်ပြီး အမျိုးမျိုးသော ခံစားချက်တွေခံစားလိုက်ရသလိုပဲ...

ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေ ခေါက်သိမ်းထုပ်ပိုး
အတ္တမဲ့ လမ်းပေါ် တက်လျှောက် ကြည့်တယ်
နင်းချမိလိုက်တာ လိုချင်တပ်မက်မှုတွေ အပြုံလိုက် အတစ်လိုက် . . .
ချစ်သူ . . . . .
ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေအနောက်မှာ
ငါဟာ နေမြင့်လေ အရူးရင့်လေ ဖြစ်ခဲ့ရပြီး . . .


ဒီအပိုဒ်လေးကတော့ ရင်ထဲအထိဆုံးပါပဲ

Post a Comment

 

Lipsum

အကယ်၍သာ မြတ်ဗုဒွသည်
လူရွာထင်ရှား မပွင့်ငြားက
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ မသိရ
များလှအပြစ်တွေ . . . . . . . . .

ဗုဒွရှင်တော် ပွင့်ထွန်းပေါ်၍
ဟော်ဖော်ညွန်ကြား မြတ်တရားကြောင့်
ဤကာ ကုသိုလ် အကုသိုလ်ဟု
ထိုထို ဘုံဘ၀ သိကြရ
များလှကျေးဇူးတွေ . . . . . . . .

အရှင်ဇာနကာဘိဝံသ
မဟာဂန္ဓာရုံဆရာတော် . . . .