ကျွန်တော်ချစ်သောနေရာ (၂ )
Published by ဗညားရှိန် under အမှတ်တရများ on Sunday, November 01, 2009
.
ကျွန်တော် ချစ်သော နေရာကို ဒုတိယပိုင်း ဆက်ရေးဖြစ်တာက သူငယ်ချင်း တလနွန်နဲ့ မေလေးတို့ က
အားပေးတာနဲ့ ဆက်ဖြစ်ခဲ့တာပါ . . . . စားချင် ၀ါးချင်တယ်ဆိုလို့ ဆက်ပြီး တင်ဖြစ်ခဲ့တာပါ . . . . .
ဒီပုံလေးက မော်လမြိုင်ရယ် ဘားအံရယ် ကျိုက်မရောရယ် လမ်းခွဲအ၀ိုင်းပတ်ပုံလေးပါ . . . .
ဒီပုံလေးက မော်လမြိုင်ရယ် ဘားအံရယ် ကြားက ဘုရင်ညီဂူထဲက ဘုရားပုံတွေပါ . . . အဲဒီဂူလေးက ထူးဆန်းတယ် အထဲမှာ ဂူလေးက ရိုးရိုးလေးပေမဲ့ အပြင်မှာ ရေပူစမ်းကန်ရှိတယ်ဗျ ရေပူစမ်းဆိုပေမဲ့ ရေကန်အလယ်က ဖြတ်ဆောက်ထားတဲ့ တံတားရဲ့ တစ်ခြမ်းက အေးနေပြီး နောက်တစ်ခြမ်းက ပူနေတာလေ . . . . ရှေးကျတဲ့ ဂူကြီးတစ်ခုပေါ့ . . . .
ဒါကတော့ အားလုံးသိတဲ့ အတိုင်းပဲ ကျိုက်ထီးရိုး ဆံတော်ရှင် ပေါ့ . . . ကျွန်တော်တို့ဆို ဒီဇင်ဘာတိုင်း တစ်နှစ် တစ်ခေါက်လောက် သွားခဲ့ကြတဲ့ နေရာလေးပါ ။ သွားတိုင်းလဲ မရိုးနိုင်စမြဲပဲ သွားစရာနေရာ တွေကလည်း သုံးလေးနေရာပဲ ရှိပေမဲ့ မရိုးနိုင်စမြဲ ပျော်ပျော်ပါးပါး သွားလေ့ရှိစမြဲပဲဗျ . . . မုဆိုးတောင် ရေတံခွန် ကျောက်ထပ်ကြီး ရသေ့တောင် . . . ဒီလောက်ပဲရှိပေမဲ့ ရောက်တိုင်း နေရာစုံအောင် သွားကြတယ် . . . .
ဒီပုံလေးက မော်လမြိုင်မဟာမြတ်မုနိ ရုပ်ပွါးတော်ပုံပါ . . . မန္တလေး မဟာမြတ်မုနိဘုရားရဲ့ ရင်ငွေ့လှုံ ထားတဲ့ ဘုရားဆင်းတုပါ . . . ဒီပုံလေးကို ၁၉၄၉ က ရိုက်ထားတာပါ ရိုက်ထားတဲ့ သူက နိုင်ငံခြားသား တစ်ယောက်က ရိုက်ပေးသွားတာလို့ သိရပါတယ် . . . . .
ဒါလေးက မော်လမြိုင်နည်းပညာတက္ကသိုလ်ပါ ဖားအောက်ရွာလေးနားမှာတည်ရှိပါတယ်
ဒီပုံလေးက ကျွန်တော်တို့ မွန်လူမျိုးတွေအတွက် ရွှေလောက်နီးပါး တန်ဖိုးရှိတဲ့ ရတနာ တစ်ပါးပါပဲ . . . ရာဘာ ပင်တွေလေ . . . . ရိုးမရွှေဖြူလို့တောင် ကင်ပွန်းတပ် ခေါ်ကြတယ်ဗျ . . . အင်မတန်လဲ ထိန်းသိမ်းရတယ် ရာဘာပင်တွေက . . . အဓိက မီးမလောင်အောင်ပေါ့ ရာဘာဆိုတော့ မီးလောင်တာနဲ့ တစ်တောလုံးကုန်မှာ အရမ်းမြန်တယ် . . . . ဒါကြောင် အပင်တစ်တန်းနဲ့ တစ်တန်းကြားမှာတောင် မီးတာလမ်းတွေ ဖောက်ရတယ် နေ့နေ့ ညည ဂရုအရမ်းစိုက် ရတယ်
ဒီပုံလေးက ကမ်းနားလမ်းရဲ့ အလှအပ လေးကို ကောင်းကင်ရယ် သစ်ပင်လေးတွေရယ် မြစ်ထဲက လှေငယ်လေးရယ် ပါအောင် ရိုက်ထားတဲ့ ပုံလေး . . . ရိုက်ထားတဲ့ ဓာတ်ပုံဆရာ တော်တော် တော်တယ်ဗျ . . . . .
ဒီပုံလေးက အခု ကျိုက်မရောဘက်သွားတဲ့ ဘက်က လယ်ကွင်းတွေပုံလေးပါ . . . .
ဒါလေးကတော့ တလနွန်နဲ့ မေလေး စားချင်တဲ့ ကြက်မောက်သီး . . . .
ဒီအသီးက ချဉ်ချဉ်ချိုချိုနဲ့ မချဉ်မချိုလေး ရင်ငန်းသီးလေ . . . .
ဒါလေးက မင်းဂွက်သီးလို့ ချစ်စနိုးခေါ်တဲ့ မင်းဂွတ်သီးပါ . . . .
ကျွဲကောသီးလေးပါ စားကောင်းတယ် ပန်းရောင်းသီး အရမ်းချိုတယ် အဖြူသီးတွေ အနီသီးတွေထက် ပိုချိုတယ်ဗျ . . . . .
နောက်ဆုံးက ကျွန်တော်လဲ အရမ်းကြိုက်ပြီး မေလေးနဲ့ တလနွန်စားချင်တဲ့ အသီးလေးပါ . . . ရေးဒူးရင်းလေ အရမ်းမွှေးပြီး အသားက အိနေတာပဲ . . . . ခွဲလိုက်တာနဲ့ အနံ့လေးက သင်းကနဲ မွှေးပြီး ထွတ်လာတာ . . . . စားလိုက်ရင် အီပြီး စိမ့်နေတာပဲ . . . . ရန်ကုန်မှာတောင် တစ်လုံး ၂၅၀၀ လောက်ရှိတယ် . . . ကျွန်တော်တို့ဆီမှာဆိုရင် တစ်လုံးကို ဒေါ်လာ 20 လောက်ရှိတယ်ဗျ ဒါတောင် ရှာမတွေ့ဘူးဗျာ . . . . .

29 comments:
ကိုဗညားရေ...
ဓာတ်ပုံလေးတွေအတွက် ကျေးဇူးပါခင်ဗျာ...
ဘုရားတွေလည်းဖူးသွားပါတယ်...။
ကျွဲကောသီးတော့ မစားရတာတော်တော်ကြာသွားပြီဗျ...။
ရင်ငန်းသီးဆိုတာလေးရောပဲ...။
ဒူးရင်းသီးကတော့ ကျွန်တော်လည်းကြိုက်တယ်...။
ကျွန်တော်တို့ဆီမှာတော့ပေါတယ်ဗျ...။
လာခဲ့..အ၀.. ၀ယ်ကျွေးမယ်....
သွားချင်လိုက်တာ ကိုဗညားရေ
အလည်ရောက်ချင်ပါသေးတယ်ဗျာ တချိန်ချိန်ပေါ့ လာလည်မယ်။ အသီးတွေကတော့ အကုန်စားချင်တယ် ဒူးရင်းသီးကလွဲလို့း) ဒူးရင်းသီးက အနံ့ကို မကြိုက်ပါ။
လေးစားလျက်
တောင်ပေါ်သား
ရောက်လာပြန်ပါတယ်နောက်တစ်ခေါက် :D စားချင်တာတွေ ဓါတ်ပုံနဲ့ ပြပြီး နှိက်စက်တယ် (အာ မှားလို့ ဗျာ) ရှာဖွေ တင်ပေးတာ ကျေးဇူးပါ။
မြစ်သံလွင်ပျို နှင့် တောင်တန်းညိုညို ကို ထပ်လွမ်းသွားပါတယ် ကိုဗညား.
ဗညားးးးးးးးးးးးးးးးးးးး
နင်လေ ဂယ်ဘဲ တော်တော်နှိပ်စက်
ဟဲ့ ကျိုက်ထီးရိုးစေတီတော်က နာ့တို့မြို့နဲ့ ပိုနီးတယ်။
နင်တို့ဇာတိဘက်မပါဘူးအေ့
နာ့တို့ဇာတိ
ဒါဗြဲ
ဘုရင်ညီဂူ ကိုတော့ မရောက်ဖူးသေးဘူး
2012 မတိုင်ခင်သွားလည်ရမယ်းP
ကြက်မောက်သီး၊ ရင်ငန်းသီး မင်းဂွတ်သီး အတုန်ကြိုက်စ်
သရေကျလာပီ။ ရှလွတ်...း(((
ဟဲဟဲ တနားလိုက်တာ
ဒူးရင်းသိးရှာမတွေ့ဘူးတဲ့။ ကျွတ်ကျွတ်
နာ့ရယ် မမပြာရယ် ကိုရီနိုရယ် ပီးခဲ့တဲ့ စနေနေ့ကဘဲ ဒူးရင်းသီးဆိုင်မှာတင်သွားစားကြတယ်။
တစ်လုံး 5 ကျပ်နဲ့ ၂ လုံး
ကောင်းထှာအေ့။
နီကိုတတိတွေရလို့
လာစားဟယ်
အလုံး ၂၀ ဝယ်ကျွေးမယ်။
ဟိဟိ ;P
အိမ်ကိုတောင်လွမ်းသွားတယ်ဗျ
ကျနော်လည်းမော်လမြိုင်ဘက်ကပဲလေ
အဲလိုအသီးလတ်လတ်ဆတ်ဆတ်တွေမစားရတာကြာပေါ့
လွမ်းတယ် ရှလွတ် :P
သွားချင်တယ်
စားချင်တယ်
I wanna eat all the fruits... :-P Thank so much for share bro...
ဓာတ်ပုံလေးတွေတော်တော်လှတယ်ဗျ...
ရိုက်ထားတာ တော်တယ်...
အခုမှပဲရောက်ဖြစ်တယ်ဗျာ...
လာချင်တာကြာပါပြီ...
ဒီမှာ ကျွန်တော်တပ်မက်တဲ့ အစာ (ကဗျာ) တွေရှိနေတယ်ဗျ...
နောက်မှလာရောက်သုံးဆောင်အုန်းမယ်...
ကျွန်တော်လည်းခင်တက်ပါတယ်ဗျ...
ကျိုက်ထီးရိုးကတော့ ပြီးခဲ့တဲ့ဒီဇင်ဘာက ရောက်တယ်..ဒီနှစ်လည်း သွားဖြစ်ဦးမလား မသိဘူး..။
မော်လမြိုင်အလှတွေကို အခုလိုရိုက်ပြတော့ မသိသေးတဲ့ ကိုယ်လိုလူတွေအတွက် အရမ်းတန်ဖိုးရှိတယ်..။အရမ်းလှတယ်..။
ကျိုက်ထီးရိုးတော့ နှစ်ခေါက်လောက် ဖူးပြီးပါပြီ။ မော်လမြိုင်ဘက်က ဘုရားတွေ လာဖူးချင်သေးတယ်။ မရောက်ဖူးသေးဘူး။ ပုံတွေကြည့်ပြီး လာချင်သွားတယ်။
ဓာတ်ပုံ View တွေတော်တော်လှတယ်ဗျာ . . . အပိုင်း ၂
လေးအနေနဲ့  ထပ်တင်ပေးတာ အထူးကျေးဇူးပါဗျာ နောင်များလည်း အဆင်ပြေရင် တင်ပေးပါအုံးဗျာ မရောက်ဖူးတော့ ပုံလေးတွေဘဲ ကြည့်ရတယ်ဗျာ . . .
ရေပူစမ်းတွေထဲမှာ
ဘုရင်ညီနောင်ဂူက
ရေပူစမ်းကို အရင်ရောက်ဖူးတာ ဆိုတော့
မှတ်မိနေတယ် ..
နောက်တစ်ခါ ကြုံရင်
အဲ့နေရာကို သွားချင်ပါသေးတယ် ..
မော်လမြိုင် သွားပြီး
ဒူးရင်းခြံထဲမှာ
ဒူးရင်းသီးနဲ့ မင်းဂွတ်သီးတွေလည်း
စားချင်တယ် ...
ရင်ငန်သီး ဆိုတာ တော့ အခုမှ ကြားဖူးတယ် ..
စာကြွေးတွေထပ်လာဖတ်သွားပါတယ်ရှင်
အင်း...ပြန်ရင်တော့..အဲ့ဒီဘတ် ဘုရားဖူး ထွက်ဖြစ်မလားပဲ....။ ပုံလေးတွေက တော်တော်စွဲဆောင်မှုရှိတယ်...။
မော်လမြိုင်ကို အလည်သွားချင်ပါတယ် ပြီးတော့ သင်္ကြန်ထမင်းကို အရမ်းကြို့က်ပါတယ်...
ဒူးရင်းသီး ၊ မင်းဂွတ်သီး၊ ကျွဲကောသီး အားလုံးကြိုက်တယ် ဗညားရေ။
ပုံတွေကြည့်ပြီး သွားရည်ပဲကျသွားတော့တယ်.
အဆင်ပြေပါစေ။
ချစ်သောနေရာ (၂)လေးကို လာကြည့်ရင် အလွမ်းပြေ ကြည့်သွားတယ်နော်။ စားချင်တဲ့ အသီးတွေကိုတော့ ငမ်းသွားတယ် ဗညားရေ .... ကျွဲကောသီးနဲ့ ရေငန်းသီးကို အရမ်းကြိုက်တယ်။
ကျေးဇူးပါနော်။
ခင်မင်လေးစားလျှက်
နောက်ဆုံးပုံလေးလဲမြင်ရရော စားချင်လာတဲ့စိတ်က ထိန်းမရတော့ဘူး။ ကျွန်မ သိပ်ကြိုက်တာဘဲ ။ ဒူးရင်းသီးကို။
ညီလေးရေ ဘုရားပုထိုးတွေက သပ္ပာယ်ကြည်ညိုစရာကောင်းလှသလို ရှုခင်းတွေလည်း သိပ်လှတာပဲ...စားစရာတွေကလည်း သွားရည်ကျချင်စရာ....
လွမ်းမောဖွယ်ရာတွေပါလားကွာ.....
အေး
ရေကန်နဲ့ ကောင်းကင်နဲ့ပုံလေး လှလိုက်တာ ..း))
အသီးတွေတော့ ငါမကြိုက်ဘူး မစားတော့ဘူး
ဟော့ပေါ့စားချင်တာ :D
i wanna go back my town coz of ur post.look forward to ur new post about our town.
do u have any plan to recruit our state people who stay in sg?
do u have any plan to organize as a mon group for our state people who stay in sg?
မော်လမြိုင်လာလည်မယ်ဗျိုးးးးးးးးး
မွန်ဝက်ကြီး (တလနွန်) နဲ့ ကိုဗညားတာဝန်ယူ ပါ။ဟဲဟဲ
ဒူးရင်းသီးနံ့ကြောင့်နှာခေါင်းပိတ်ပြီးတော့ကိုလာရောက်
ဖတ်ရှု့သွားပါတယ်.. :)
နှိုင်းကဒူးရင်းသီးမကြိုက်ဘူး..ဗညားရဲ့ :)
ကျွန်တော်အဖေက ကျိုက်မရောမွန်လေ။ကျွန်တော်ငယ်ငယ်ကကျိုက်မရောရောက်ရင် ပင်ကျထန်းရေချိုချိုလေးသောက်တယ်။ဒူးရင်းသီးတွေခူးစားလိုက်။ကြက်မောက်သီး၊ မင်းဂွတ်သီးစားလိုက်။ ပျော်စရာကြီး။ ကျိုက်မရောဘုရားကြီးဖူးလိုက်။သဘာဝတောတောင်တွေနဲ့ အရမ်းကို သာယာလှပခဲ့တဲ့ ကျိုက်မရောနယ်လေးဟာ....အခုတော့ တရွာလုံးဘာမှမလုပ် နှစ်လုံးသုံးလုံးဖမ်းစားသွားပြီဗျာ။
ကိုဗညားဓာတ်ပုံလေးတွေမြင်တော့ မွန်တို့ဌာနီရာမညကို သတိရသွားတယ်ဗျာ။ ကျေးဇူးပါဗျာ။
လွမ်းပါတယ်ဆိုဗျား) မြစ်သံလွင်နဲ့ကျိုက်မရော
မုဒုံကန်ကြီးရယ် လွမ်းတယ်
း)
Post a Comment