တနင်္ဂနွေ သတို့သမီး
Published by ဗညားရှိန် under ကဗျာ on Monday, November 09, 2009.
နတ်ပန်းချီတစ်ချပ်လို
စုတ်ချက်ပြင်းတယ်
ညဖွက်တဲ့ နတ်သမီးကကွက်တွေနဲ့
ငါ့ရင်ကိုခွင်း
ဆွေးအောင် မင်း တေးသီတယ် . . . . .
ငါ့စိတ်ထဲက တနင်္ဂနွေ သတို့သမီး
ဝေးကွာခြင်းရဲ့ နောက်မှာ
တစ်ကောက်ကောက် လိုက်နေတဲ့
သွေးအေးစိတ်တွေ
မင်းကို လှည့်စား
ကံဇာတ်ဆရာ
ဇာတ်ညွန်း ပြောင်းရေးမှာကို
ငါ အကြောက်ဆုံးပဲ . . . . .
စိတ်ထဲက ကဗျာတွေ
ရေးချလိုက်တယ်
ရေးချလိုက်တဲ့ ကဗျာတွေထဲ
စိတ်တွေ ပါမသွားခဲ့ဘူး
ငါ့စိတ်တွေ ငါ ပြန်ဖမ်းလို့ မမိတော့ဘူး . . . . .
အိမ်မက်ညတွေ
ငါ့စိတ်ကို ဆွဲဆွဲချ
အိမ်မရတဲ့ အလွမ်းညတွေနဲ့အတူ
ငါလည်း ကော်ဖီ ထိုင်သောက်တတ်ခဲ့ပြီ . . . . .
ဗညားရှိန် ( 09.11.09 , 7:09 AM )





22 comments:
မောင်လေးရဲ့ အလွမ်းကဗျာလေးမှာ နစ်မျောသွားတယ်။ မှန်တယ်မောင်လေး .... လူတွေဟာ စိတ်ရဲ့ စေရာကို နာခံရင်း အလွမ်းတွေကိုလည်း တမ်းတနေမိတာပါ။
အလွမ်းတွေက လွတ်မြောက်နိုင်ပါစေ...
ခင်မင်လေးစားလျှက်
“စိတ်ထဲက ကဗျာတွေ
ရေးချလိုက်တယ်
ရေးချလိုက်တဲ့ ကဗျာတွေထဲ
စိတ်တွေ ပါမသွားခဲ့ဘူး ”
မှန်တယ်ဗျာ...
စိတ်တွေပါသွားခဲ့ရင် ကဗျာတွေထပ်ပြီး ဖန်ဆင်းနိုင်မှာ
မဟုတ်တော့ဘူးဗျ...(အကောင်းလေးတွေးကြည့်တာပါ)
အလွမ်းဓာတ်ခံရှိလို့လားမသိဘူး...လွမ်းရတယ်ဗျာ...
ခင်မင်လျက်ပါ...
အပြုံးတစ်ချက်က
နတ်ပန်းချီတစ်ချပ်လို
စုတ်ချက်ပြင်းတယ်
ညဖွက်တဲ့ နတ်သမီးကကွက်တွေနဲ့
ငါ့ရင်ကိုခွင်း
ဆွေးအောင် မင်း တေးသီတယ် . . . . .
ငါ့စိတ်ထဲက “တနင်္ဂနွေ သတို့သမီး”...
စိုင်းစိုင်းရဲ့သီချင်းထဲကလို....
“တိုက်ဆိုင်လိုက်တာများကွာ....xxxxx
----------------------------------------------
ကဗျာလေးလာအားပေးသွားတယ်အကိုရေ...
ငါ့စိတ်ထဲက တနင်္ဂနွေ သတို့သမီး
ဝေးကွားခြင်းရဲ့ နောက်မှာ
တစ်ကောက်ကောက် လိုက်နေတဲ့
သွေးအေးစိတ်တွေ
မင်းကို လှည့်စား
ကံဇာတ်ဆရာ
ဇာတ်ညွန်း ပြောင်းရေးမှာကို
ငါ အကြောက်ဆုံးပဲ . . . . .<-- ကြိုက်တယ် ကိုကြီးရေ... အလွမ်းအနံ့ အသက်လေးတွေ ထပ်တူခံစားသွားတယ်
အင်း အလွမ်းတွေ..... လွမ်းစေဗျားးးး
စိတ်၏စေရာ
မျှော်ကာငေးရင်
သူ့ ရဲ့ အရိပ်
သူ့ ခြေရာတွေ
ကိုယ့်နှလုံးအိမ်ဝယ်
ရိပ်ခနဲပေါ့...
လွမ်းတတ်လိုက်တာ ဗညားရေ..း)
အစ်ကိုရေ..မိုက်လှချည်လား.. ကြိုက်တယ်.. ကဗျာလေးကို...
ကိုဗညားရေ
ဖတ်ပြီးလွမ်းသွားသဗျာ
ကော်ဖီတော့ မသောက်တော့ဘူး
ညအိပ်မပျော်မှာစိုးလို့
:)
ခင်မင်စွာဖြင့်
သီဟသစ်
အလွမ်းကဗျာ လာဖတ်ပါ၏ :)
ကဗျာဖတ်ပြီး ကျနော်တော့ ဘ၀ရဲ့ တခါက မြေနီလမ်း ကို လွမ်းသွားမိတယ်။
ကဗျာဆရာနဲ့ အမြင်တူပါ့မလားတော့မသိဘူး
ကျနော်တော့ ကော်ဖီသောက်ရင်း ချစ်သူဖျော်ပေးတာ ကိုလွမ်းမိတာပါပဲ
အင်း....လွမ်းရင်လည်း ကော်ဖီ သောက်ဖြစ်တယ်။
ကဗျာဖတ်ပြီး လွမ်းသွားတယ်ဗျာ
အကိုရေ ဝေးကွားခြင်းဖြစ်နေတယ် ဟိုလေ သူများ မျက်ချေးမြင်သလိုမျိုးပေါ့ ကဗျာက ကောင်းပြီး ဝေးကွားခြင်းဆိုတော့ ဖတ်ရတာ ထောင့်နေတယ်။
စိတ်ထဲက ကဗျာတွေ
ရေးချလိုက်တယ်
ရေးချလိုက်တဲ့ ကဗျာတွေထဲ
စိတ်တွေ ပါမသွားခဲ့ဘူး
ငါ့စိတ်တွေ ငါ ပြန်ဖမ်းလို့ မမိတော့ဘူး .
အလွမ်းတွေနဲ့ပြည့်နှက်နေတဲ့ကဗျာလေး....
လွမ်းဆွေးမှုကိုခံစားတတ်သူတိုင်းအတွက် ကဗျာလေးက သက်ဝင်လှပနေပါတယ်ညီလေး...
အလှမ်းဝေးတဲ့ အလွမ်းကဖေးကို သတိရနေပေါ့..
ကောင်းတယ်ဗျာ...ကဗျာလေးက...။
အဲ့ဒါပဲပြောတတ်လို့ပါဗျာ...။ တစ်ကယ်ပါ...
ကဗျာလေး အရမ်းလှတယ်ဗျာ ..
ကျနော်ကြိုက်တဲ့ ကဗျာဆရာတွေထဲမှာ ကိုရှိန်ကတော့ ကျနော့် ဖေးဗရိတ်ပေါ့ ..
ကိုရှိန်ရေးတဲ့ ကဗျာတွေ အတော်ကို လန်းတာဗျာ ..
အားကျတယ် ..
ကျမလဲ ကော်ဖီသိပ်ကြိုက်တဲ့သူ ကော်ဖီသောက်ရင်းလွမ်းရတာလောက်အရသာရှိတာမရှိဘူး
အပြုံးတစ်ချက်က
နတ်ပန်းချီတစ်ချပ်လို
စုတ်ချက်ပြင်းတယ်
ညဖွက်တဲ့ နတ်သမီးကကွက်တွေနဲ့
ငါ့ရင်ကိုခွင်း
ဆွေးအောင် မင်း တေးသီတယ် . . . . .
လွမ်းနိုင်ပါစေ
လွမ်းကဗျာတွေဖတ်ရင်
လွမ်းတယ်ဗျာ..
အလွမ်းမျိုးစုံကို လွမ်းတား
ဘာတွေမှန်းတော့ မသိဘူး..
သေချာတာတစ်ခုကတော့ ကဗျာဖတ်ပြီးလွမ်း
နေရာ.. ၁.. ၂ ကို မြင်ပြီးလွမ်း
လွမ်း.. လွမ်း.. လွမ်းတယ်ဗျာ
ပျော်ရွှင်ပါစေ
စည်သူ။
ကော်ဖီသောက်ရင်း အလွမ်းကဗျာလေး ဖတ်သွားတယ်။
ပိုတောင်လွမ်းလာမိသလိုပဲဗျာ။
ကဲ..ဘီလို လုပ်ရမတုန်းဗျ။
ကဗျာတွေလာဖတ်တယ်ဗျာ
စိတ်ထဲက ကဗျာတွေ
ရေးချလိုက်တယ်
ရေးချလိုက်တဲ့ ကဗျာတွေထဲ
စိတ်တွေ ပါမသွားခဲ့ဘူး
ငါ့စိတ်တွေ ငါ ပြန်ဖမ်းလို့ မမိတော့ဘူး . . . . .
လှပတယ် အရေးအသားလေးပါဘဲ
ထွေထွေထူးထူးမပြောတော့ဖူးဗျာ
ဒီကဗျာလေးကိုအရမ်းကြိုက်တယ်
Post a Comment