HAPPY BIRTHDAY MAY LAY
Published by ဗညားရှိန် under အမှတ်တရများ on Tuesday, October 27, 2009
.
သူငယ်ချင်း
မင်းလျှောက်ပြီးခဲ့တဲ့ မိုင်တိုင် ၂၆
ရပ်တည်မှုတွေ မျိုးစုံ
ခါးသက်မှုတွေ အလိပ်လိုက်
ဒုက္ခတွေကို အိပ်ကပ်ထဲထည့်
ဆင့်ကာ ဆင့်ကာ အရိုက်ခံခဲ့ရတဲ့
ခံစားချက် ဝေဒနာတွေနဲ့
ရာဇ၀င်မှာ လောင်ကျွမ်းခံခဲ့ရသူ . . . . . .
ယုံကြည်ချက် တစ်ခု . . .
လောကကြီးထဲ ဇွဲနဲ့ ရွတ်လွှင့်
ကိုယ့်ဘ၀ ကိုယ်စီးလို့
အိမ်မက် နှင်တံ တစ်ချောင်းနဲ့
ကမ်းမမြင် လမ်းမမြင် အာကာပြင်မှာ
ကိုယ့်ကြယ် ကိုယ်ကျောင်းခဲ့ရသူ . . . . .
သူငယ်ချင်း
မင်းဘ၀တစ်ခြမ်းမှာ
နာကျင်မှုရင်ခုန်သံတွေလည်း ထုဆစ်ဖူးပြီ . . .
ကြောက်ရွံ့မှုတွေနဲ့ စီးချင်းထိုး
မအေးမြတဲ့ လရောင်အောက်
ပုလဲတွေလည်း ခခဲ့ဖူးပြီ . . .
ထားခဲ့လိုက်တော့ သူငယ်ချင်း
လောကဓံကို
နောက်ပြန်လှည့်မကြည့်ကြေး . . . . .
အခု မင်းလက်ရ သိမ်းပိုက်ထားတဲ့ မြို့
ခမ်းနားပြိုးပျက်မှုတွေ လင်းလက်
ဖွေးဖွေးဖြူအောင် တောက်ပနေတဲ့
အနာဂတ်တွေနဲ့ မင်းမြို့ရိုးမှာ
မင်းဟာ ဘုရင်မတစ်ပါးပါပဲ . . . .
အောင်မြင်မှု အနာဂတ်တွေ တောက်ပနေတဲ့
ရာဇ၀င်နယ်မြေသစ်တွေ
မင်းဆက်လက် သိမ်းပိုက်လိုက်စမ်းပါ . . .
ငါတို့တတွေ မင်းအတွက်
ထာဝရ ဂုဏ်ယူနေဦးမှာပါ
သူငယ်ချင်း . . . .
ဗညားရှိန် . . . ( 26.10.09 / 1:41 AM )
.
ကျွန်တော် ဒီပို့စ်လေးကို သူငယ်ချင်း တစ်ယောက်ရဲ့ မွေးနေ့အမှတ်တရ ရေးခဲ့တာပါ . . . အရင်ဆုံး သူ့ နာမည် သူ့မွေးနေ့ မပြောခင် သူနဲ့ ကျွန်တော် သိခဲ့ပုံလေးတွေ အရင်ပြောပြမယ် . . . . .
သူနဲ့ ကျွန်တော် သိခဲ့တာ ခြောက်လ လောက်ပဲရှိသေးတယ်ဗျ . . . . . ထုံးစံအတိုင်းပေါ့ဗျာ ဘလာဂေါက် တွေရဲ့ ထုံးစံအတိုင်း ဘလော့လည်ရင်း ခင်ခဲ့ကြတာပါ တစ်ယောက် ဂျီမေး တစ်ယောက်အက်ရင်း သိခဲ့ကြတာဗျ . . . စစချင်းတော့ မရင်းနှီးသေးတော့ စကား သိပ်မပြောဖြစ်ခဲ့ကြဘူးဗျ . . . နောက်ပိုင်းမှ နည်းနည်း ပြောရင်း သူရဲ့ ပွင့်လင်းမှု . . . ခင်မင်တတ်မှု တွေကြောင့် တော်တော် ရင်းနှီးလာခဲ့တယ် . . . .
ကျွန်တော် ကဗျာတွေ ရေးတိုင်း သူကို အားမနာတမ်း သွားပြီး အတင်းဖတ်ခိုင်း ဝေဖန်ခိုင်းခဲ့တယ်ဗျ . . . . ဘယ်လောက်ထိ လဲဆိုရင် ကျွန်တော့် ကဗျာတွေ ကို တစ်ခြား သူငယ်ချင်း မောင်နှမတွေ ကွန်မန့်လာပေးရင် အကောင်း တွေချည်းပဲ ပြောသွားတယ်လေ . . . ဒီတော့ ကျွန်တော်က သူကို နင် ငါ့ကဗျာတွေ ဖတ်ရင် အကောင်းတွေချည်းပဲ မပြောနဲ့ . . . . တစ်ခြားသူတွေ ပြောပါစေ . . . . နင်ကတော့ ငါ့ကဗျာတွေကို အဆိုးတွေချည်းပဲ ပစ်ပစ်နှစ်နှစ် ဝေဖန်ပေးပါဆိုပြီး အတင်း ဒုက္ခပေးလိုက်တာ . . . ကဗျာတွေ တင်တာနဲ့ ကျွန်တော် ဆိုးချက်တွေကို ပစ်ပစ်နှစ်နှစ်ကို ဝေဖန်ပေးပါလေရော ပစ်တာမှ ရေတောင်မရောဘူးဗျာ . . . ကွန်မန့်ဆက်တင်မှာ တစ်ခြား သူတွေရှိလို့ နည်းနည်းပါးပါးလေးပဲ ဝေဖန်ပေမဲ့ အွန်လိုင်းမှာ တွေ့လို့ကတော့ အသေကို ဝေဖန်တော့တာပဲ . . . . သူ့ကို ဒုက္ခပေးတာ သူ ဒုက္ခမရောက်ပဲ ကိုယ် ဒုက္ခ ရောက်သွားတယ်လေ . . . . တော်ပါပြီး သူငယ်ချင်းရယ်လို့တောင် ပြောယူရတယ် . . . . . .
ကျွန်တော် ပြည်ပ မရောက်ခင် ကတည်းက သူကို ခင်ခဲ့တာပါ ပြည်ပရောက်ပြီး နောက်ပိုင်း ကျွန်တော် စိတ်ညစ်နေရတဲ့ အချိန်တွေမှာ သူတော်တော်လေး ကျွန်တော်ကို အားပေး ကူညီခဲ့တယ် . . . ဒါကြောင့်လဲ တော်တော် ခင်မင်တဲ့ သူငယ်ချင်း တစ်ယောက်ဖြစ်ခဲ့တယ် . .
သူက စလုံးက . . . ဘလော့ သူငယ်ချင်းတွေ တော်တော်များများ သိတယ် သူဟင်းချက်ကောင်းတာ . . . . . အယ် စလုံးက အိုးသူကြီး လို့တောင် မမပြာနဲ့ မမရောင်က နာမည်ပေးထားတယ် . . . . ကျွန်တော်ကိုလဲ စလုံးလာလေတဲ့ ငါ့မွေးနေ့ နင်စားချင်တာ ချက်ကျွေးမယ်တဲ့ . . အဟန့် အဟန့် . . . . ကမ္ဘာတစ်ခြမ်းနီးပါး ဝေးနေတဲ့ သူကို စလုံးလာပြီး စားခိုင်းတာလေ . . . လေယာဉ် စရိတ်နဲ့တင် လစာတွေ တက်တက် စင်အောင်ပြောင်မှာ . . . . . ဒီတော့ နေပါစေ သူငယ်ချင်းရယ် နောက်မှာပဲ ငါ အေးအေးဆေးဆေး လာစားတော့မယ်လို့ အားနာပါးနာနဲ့ သွားရည်တွေ အလိပ်လိုက် ပြန်တင်ရင်း အားမရှိတဲ့ လေသံနဲ့ ပြောလိုက်ရတယ်ဗျာ . . . . .
သူက တကယ် ဟင်းချက် ကောင်းတယ်ဗျ . . . . . မမ၀ါ စလုံးလာ တုန်းကတောင် သူ အိုးသူကြီး လုပ်ပေးလိုက်သေးတယ်ဗျ . . . . ပြောရင်းပြောရင်း သူကိုတောင် သိနေလောက်ကြပြီး ထင်တယ် . . . ကျွန်တော်လဲ စလုံးကို လာလည်ချင်တာ ၀ါးတီ ဒကာတွေ လိုက်ရှာနေတာဗျ . . . ခုတော့ သူတစ်ယောက်ရယ် . . . . ညစာ လိုက်ကျွေးမယ့် မိုးခါးတစ်ယောက်ရယ် ရပြီး . .ခုလဲ နောက်တစ်ယောက် ဒကာရှာနေတာ မမကြယ်ပြာကိုလေ . . . . မမကြယ် ဟင်းချက် ကောင်းတယ် ဟုတ် . . . . . ဟိဟိ မမကြယ်က စိတ်ကောင်းတယ်ဗျ . . . ဟုတ်တယ်နော် မမကြယ် . . . . .ဟဲဟဲ . . . . နောက်ထပ်ကြွေးချင်တဲ့ သူတွေ ရှိရင်လည်း စာရင်ပေးကြပါ ကျွန်တော်မျိုး မောင်ဗညား စလုံးလာရင် ၀ါးတီလွတ် လာလို့ရအောင်လေ . . . . အယ် ပြောရင်း ပြောရင်း မွေးနေ့ ဆုတောင်းကနေ အလှုဒါယိကာ လိုက်ရှာတဲ့ ဘက်ရောက်သွားတယ် . . . ဟဲဟဲ . . .
ကဲ . . . . မွေးနေ့ဆုတောင်းလေး လုပ်ပေးပါတော့မယ်ဗျာ . . . . ။
၂၈.၁၀.၀၉ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကျရောက်မည့် ထင်းထင်း ( ခ ) နှင်းဆီပန်းချစ်တဲ့ ကောင်မလေး ၏ အသက် ၂၆ နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် သူငယ်ချင်း ချစ်သော ပါးပါး မားမား တီးတီး ရှောင်မေ့မေ့ တို့အပြင် . . . သူငယ်ချင်းရဲ့ ချစ်သော ချစ်သူ . . . ( ရှိမရှိတော့ မသိဘူး အတင်း ရှိခိုင်းလိုက်တာ မေးရင်လည်း မဖြေဘူး လျှိုထားတယ် ) . . . သူငယ်ချင်း ချစ်သော မိတ်ဆွေ မောင်နှမများ အားလုံးနဲ့ အတူ သူငယ်ချင်းရဲ့ ဘ၀တစ်လျှောက်လုံး ပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် . . . . . ဟက်ပီဘက်ဒေးပါ သူငယ်ချင်း . . . . . .

17 comments:
ဟုတ်တယ်...ကိုဗညား ရေ...သူ က သိပ်ခင်ဖို့ ကောင်းပြီး...သူများမှာ မရှိတတ်တဲ့...စိတ်စေတနာ မျိုးတွေ နဲ့ စလုံးက blogger တွေရော...နောင့် တို့လို ဟိုမရောက် ဒီမရောက် ဧည့်မြှောင်တွေကိုပါ... ထမင်း ဟင်း မုန့်တွေ ချက်ကျွေးနေကြလေ...။ ကိုဗညား ဆုတောင်းပေးသလိုပဲ .... မေလေး..ချစ်ခင်တဲ့ မိဘ ဆွေမျိုး ချစ်သူ ခင်သူ သူငယ်ချင်းတွေနဲ့ ... ဘ၀တလျှောက်လုံး ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ.......။
ခင်တဲ့
မေဇင်
စလုံးက အိုးသူကြီးလို့  အမည်တွင်ပါသော၊ စိတ်စေတနာလည်း ကောင်းပါသည်ဆိုသော ထိုထိုပဲခူးသူ မိထင်းထင်း(ခ) မေလေး (ခ) နှင်းဆီပန်းချစ်တဲ့ကောင်မလေး ကျရောက်တဲ့ နှစ်ဆယ့်ငါးနှစ်မြောက်မွေးနေ့ မိုင်တိုင်မှသည် လိုအင်ဆန္ဒထပ်တူကျပြီး ပြုံးပျော်ရွှင်သော နေ့ ရက်သစ်တွေသာ ပိုင်ဆိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။ (အတည်အခံ့နဲ့  ဆုတောင်းလိုက်တယ် :)))) )
သယ်ရင်းရေ ပျော်ရွှင်ပါစေဟ (ဘော်ဘော်လို ဆုတောင်းလိုက်တယ် :) )
ကိုဗညားရှိန် ရေးထားတဲ့ကဗျာလေးကိုတော့ အစဉ်အလာအတိုင်းကြိုက်ဆဲ။ (အခြားလူတွေဆိုရင် ကောင်းတယ် ပြောတယ်ဆိုလို့ ) အဲဒါကြောင့် ကဗျာကု ကောင်းတယ်လို့  မဆိုတော့ပဲ ကြိုက်တယ်လို့ သုံးနှုန်းလိုက်ပါကြောင်းးးးးး
ခင်တဲ့
တလနွန်
မွေးနေ့ရှင်...အတွက် ကဗျာလေးက အဓိပ္ပါယ်ကောင်းတယ်ဗျာ...။
ပျော်ရွှင်စရာမွေးနေ့တွေ ပိုင်ဆိုင်နိုင်ပါစေခင်ဗျ...။
မောင်လေးရေ ...... အခုလို ညီမလေးမေလေးအတွက် ပိုစ့်လေးနဲ့ ဆုတောင်းပေးတာ တွေ့ရလို့ အတိုင်းမသိ ကြည်နူးရပါတယ်။ မမြင်မတွေ့နိုင်တဲ့ ဒီသံယောဇဉ်တွေဟာ ဘယ်လောက်ကြီးမလားလဲ ဆိုတာနားလည်သွားတယ်။ မောင်နှမတွေလို ခင်မင်ရင်းနှီး ပြောမနာဆိုမနာနဲ့ ညီမလေးမေလေးရဲ့ အားလုံးအပေါ် သည်းခံနိုင်မှုတွေကိုလည်း အသိအမှတ်ပြုရတယ်လေ။ သူက ဘယ်တော့မဆို မောင်နှမတွေအတွက်ဆို ဘယ်တော့မှ မငြင်းရှာဘူး။ ဘယ်လောက်ပင်ပန်း ပင်ပန်း မျက်နှာတချက်မညှိးဘူးလေ။ မမခင်တယ်ဆိုတာ မေလေးရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်ဓါတ်လေးနဲ့ မောင်နှမတွေအပေါ်မှာ သည်းခံတတ်တဲ့ စိတ်ထားလေးပဲ။ မမ အပေါ်တင်မဟုတ်ဘူး ဘယ်မောင်နှမတွေ အပေါ်မဆို ဖြူစင်စွာ ခင်တတ်တယ်လေ။
မောင်လေးရဲ့ ကဗျာလေးနဲ့ ပိုစ့်လေးနဲ့အတူ ညီမလေး မေလေး အတွက် မမရောင်ကလည်း ဆုတောင်းပေးပါတယ်။ ဘ၀တလျှောက်လုံး ချစ်သူခင်သူ မိသားစုတွေနဲ့ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ ချစ်ညီမရေ ...
ချစ်ခြင်းများစွာဖြင့်
မမရောင်
သူငယ်ချင်းလေး မေလေး လိုအင်ဆန္ဒအားလုံးပြည့်ပါစေ....
ကိုဗညာလည်း စလုံးလာပြီး မေလေး လက်ရာ လာမြည်းလှည့်ပါလို့ ဖိတ်ခေါ်ပါတယ် (ဧည့်မြှောင်လုပ်မလို့ ဟိ)
နွေးနေခြည်
ကိုဗညားပို့စ်လေးထဲမှာ သူငယ်ချင်းအပေါ်ချစ်ခြင်းတွေကို မြင်ရတယ် စိတ်ထဲ ကြည်နူးဖို့ကောင်းလိုက်တာ ညီမလေး နှင်းဆီချစ်တဲ့ကောင်မလေးလဲ မွေးနေ့မှာ ချစ်တဲ့သူငယ်ချင်းတွေနဲ့ပျော်ရွှင်နိုင်ပါစေ...စင်ကာပူကိုများ လာလည်ဖြစ်ခဲ့ရင် မေလေးလက်ရာ စားချင်ပါရဲ့ ကိုဗညားလေးအညွန်းကောင်းတာနဲ့လေ..
ကိုဗညား ကဗျာလေးအတိုင်းပဲ မမမေလေးရေ.. ထာဝရဂုဏ်ယူလျက်ပါ...
အိုးသူကြီးမွေးနေ့ဆိုတော့ ဘာကျွေးမှာလဲတိဝူးနော်... စိတ်ဝင်စားစရာပဲ... ဟီး
ချစ်တရေး ဟက်ပီးဘတ်ဒေး
ဘ၀တလျှောက်လုံး အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေနဲ့သာ ဆုံဆည်းရပါစေ ..း))
ဗညားရေ တကယ်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြည်နူးမိပါတယ်။
နာ့မွေးနေ့လေးကိုတစ်ခုတ်တရ အသိအမှတ်ပြု ပို့စ်လေးရေးပေးတဲ့အတွက် မုန့်ကျွေးမယ်။ ဘာစားချင်လဲပြော DHL နဲ့ ပို့လိုက်မယ်။းP
နင်လုပ်မှ နာ့လဲ လူမိုက်ဖြစ်တော့တယ်။
ဒီကဗျာလေးကတော့ တကယ်ကောင်းတယ်ဟဲ့။
(နာ့အိမ်ကို မ တွားပြီအေ့)
စလုံးသာလာခဲ့ပါဟယ်။ နင်နေဖို့ရော စားဖို့ရော မပူနဲ့
နာ့အိမ်မှာလာနေလဲရတယ်။ မောင်လေးနဲ့တူတူနေ။
စားတာလဲ ငါတို့စားသလိုစားပေါ့ဟယ်။
အတည်ပြောတာနော်။
လာလည် ဒါဘဲ။
မွေးနေ့ဆုတောင်းပေးတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူး ပင်လယ်လောက်ကြီး တင်ပါတယ်။း))
ပျော်ရွင်စရာ မွေးနေ့လေးဖြစ်ပါစေ ကွယ်...။ ရေးတဲ့ ကဗျာလေးကို ကြိုက်တယ် တော်တော်လေး ကောင်းပါတယ်.....။
ပျော်ရွှင်ဖွယ်မွေးနေ့လေးပါ။
သူငယ်ချင်းအတွက် ရေးပေးတာလေးကို လာဖတ်သွားတယ်...
ကြည်နူးဖို့ကောင်းပါတယ်
မမေလေး ပျော်ရွှင်တဲ့ မွေးနေ့ မင်္ဂလာရက်မြတ်လေးဖြစ်ပါစေဗျာ . . .
ဆုတောင်းပေးတဲ့  ကိုဗညားကြီးလည်း ပျော်ရွှင်ချမ်းမြေ့ ပါစေဗျာ . . . :)
မွေးနေ့ရှင်တော့တော်တော်ပျော်နေလောက်ပြီ...
ကဗျာလေးကောင်းလို့လေ...
ပျော်ရွင်ပါစေ. မေလေး
ချစ်စရာ ခင်စရာ ကောင်းတဲ့ မေလေး မွေးနေ့မှာ ပျော်ပါစေ၊
ကဗျာလေး ရေးပေးတဲ့ မောင်လေး ဗညားလဲ စလုံးကို လာလည်ပါ ၊ ကြိုပါတယ်...
Post a Comment