ကျွန်တော်ချစ်သောနေရာ
Published by ဗညားရှိန် under အမှတ်တရများ on Friday, October 30, 2009.
ကျွန်တော် ဒီပို့စ်လေးကို ရေးဖြစ်တာ ကျွန်တော် မွေးရပ်လေးကို လွမ်းမိလို့ပါ . . . လွမ်းမိတဲ့ အကြောင်းကလည်း ဟိုတစ်နေ့က တလနွန်က .ning ဆိုဒ်လေး တစ်ခုလာပေးတယ် ကျွန်တော် ဒေသလေး ဖြစ်တဲ့ မော်လမြိုင် အတွက် လုပ်ထားတဲ့ ဆိုဒ်လေးပါ . . . အထဲမှာ မြို့လေးရဲ့ အဓိက နေရာလေးတွေ ပြန်တွေ့မိတော့ လွမ်းမိတာ နဲ့ ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ . . . . . . .
ဒါလေးက မော်လမြိုင်မြို့ရဲ့ အဓိက အသက်သွေးကျောကြီးသဖွယ် ဖြစ်နေတဲ့ သံလွင်မြစ်ကြီးရဲ့ လှပတဲ့ ညနေ ဆည်းဆာ အလှလေးပါ . . . . သိပ်ကို အသက်ဝင်အောင် ရိုက်ထားနိုင်တဲ့ ပုံလေးပါပဲ . . . ပုံလေးက အသက်ဝင် လေလေ ကျွန်တော် ကိုယ့်မြို့လေးကို ပိုလွမ်းမိလေ ပါပဲ . . . .
ဒီပုံလေးက မော်လမြိုင်မြို့ရဲ့ နောက်ဆုံးတည်ဆောက်ထားတဲ့ သံလွင်တံတား(မော်လမြိုင်) ပါ . . . ဒီတံတားက ချဉ်းကပ်လမ်း အပါအ၀င်ဆိုရင် ၄.၇၅ မိုင် ရှည်လားပြီး . . . အဓိက မြစ်ကြီးပေါ်က တံတားအရှည်က ၂.၂ မိုင် ရှည်လျှားပါတယ် . . . .
ဒါက သံလွင်မြစ်ကမ်း တောက်လျှောက်ဖောက်ထားတဲ့ မြို့ပတ် ကမ်းနားလမ်းကနေ အဝေးပုံစံလေး လှမ်းရိုက် ထားတာ . . . သံလွင်မြစ်ကော ကမ်းနားလမ်းကော တံတားကြီးရော ပါအောင် ရိုက်ထားတာလေးပါ . . . ။
ဒါက မော်လမြိုင်မြို့လယ်တည့်တည့်မှာ တည်ရှိနေတဲ့ တောင်တန်းကြီးပေါ်က View Point နေရာလေးပါ . . . မော်လမြိုင်မြို့ပုံစံက အလျှားရှည်ပြီး အနံတိုနေတဲ့ ပေတံ တစ်ချောင်းပုံစံလေ . . . အဲဒီမှာမှ အလည့်တည့်တည့်ကနေ တောင်ညိုတောင်တန်း ကြီးက ဖြတ်ပြီး တည်ရှိနေတာပါ . . . ။ မြို့ရဲ့ အရှေ့အခြမ်း နဲ့ အနောက်ဘက်အခြမ်းကို ပိုင်းထားသလိုပဲပေါ့ . . . အဲဒီတောင်တန်းပေါ်မှာ ဘုရာတွေး ချည်းပါပဲ အမြင့်ဆုံးနေရာက ခု View Point ရှိနေတဲ့ နေရာလေးပါ . . . ညဘက်တွေ လသာတဲ့ အချိန် View Point ကနေ မော်လမြိုင်မြို့ကြီးနဲ့ သံလွင်မြစ်ကြီးကို လှမ်းကြည့်ရတာသိပ်ကို လှပတဲ့ မြင်ကွင်းလေးပါပဲ . . . ကျွန်တော်တို့ မိသားစုဆို ညတိုင်းသွားကြတယ် မေမေရယ် ဖေဖေရယ် မမရယ် ကျွန်တော်ရယ် ညီလေးရယ် ပေါ့ မောင်နှမသုံးယောက် ဆော့နေကြနေရာလေးပါ . . . .
ဒါက မော်လမြိုင်မြို့မှာသာ ရှိတော့တဲ့ စစ်ကျန်ဘတ်စကားနဲ့ မြင်းလှည်းလေးပါ . . . ခုထိတိုင် သုံးနေဆဲပါပဲ . .
မော်လမြိုင် တက္ကသိုလ်ကြီးရဲ့ အ၀င် မုဒ်ဦးဝပါ . . .
မော်လမြိုင် တက္ကသိုလ်ရဲ့ အဓိပတိလမ်းပေါ့ . . . ရှေ့မှာမြင်နေရတာ ဘွဲနှင်းသဘင် ခန်းမကြီးပါ . . . .
ဒါက မော်လမြိုင်ဖားအောက်တောရ တရားစခန်းပါ . . . အင်မတန် နာမည်ကျော်ကြားပါတယ် . . နိုင်ငံခြားသား ရဟန်းတွေ သီလရှင်တွေ ရာနဲ့ချီပြီး တရားလာဝင်ကြတဲ့ တရားစခန်းကြီး တစ်ခုပါ . . . မော်လမြိုင် ဖားအောက်တောရ ကျေးရွာ နဲ့ မော်လမြိုင် GTI နားမှာ တည်ရှိပါတယ် . . . .
ဒီဘုရားတောင်ကုန်းလေးက အားလုံးသိကြမယ်ထင်တယ် . . . မသိရင်တောင် ကြားဖူးကြမယ် ထင်တယ်ဗျ ။ ပိုးဒါလီသိန်းတန်တောင် သီချင်းထဲ ထည့်ဆိုထားပါတယ် ဘာတဲ့ . . . " ကျိုက်သလံမှာ သက်သေပြုမယ် ဘယ်လိုဘ၀မျိုး ရောက်ပါစေကွယ် " ဆိုတာလေ . . . မော်လမြိုင်မြို့ရဲ့ တန်ခိုးကြီး ကျိုက်သလံ စေတီတော်ကြီးပါ . . . . .
ဒါက ကျိုက်သလံဘုရားပေါ်ကနေ ရိုက်ထားတဲ့ ပုံလေးပါ ။ ဟိုးးး အရှေ့က မြင်နေရတဲ့ ဘုရားက မော်လမြိုင် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးပါ . . . မန္တလေး မဟာမြတ်မုနိ ဘုရားကြီးရဲ့ ရင်ငွေ့လှုံထားတဲ့ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်တော် မူရာ နေရာလေးပါ . . . .
ဒါက မော်လမြိုင်မြို့ရဲ့ ရှေ့အကျဆုံး အဆောက်အုံ တစ်ခုဖြစ်တဲ့ အမေရိကန်ဆေးရုံကြီးပါ . . . ကျွန်တော့်ကို မွေးဖွားခဲ့တဲ့ ဆေးရုံကြီးဆိုလဲ မမှားပါဘူး . . . .
ဒါကတော့ သံလွင်မြစ် အတ္တရံမြစ် ဂျိုင်းမြစ် . . . မြစ်သုံးမြစ်ဆုံရာ အလည်တည့်တည့်မှာ တည်ရှိနေတဲ့ ခေါင်းဆေးကျွန်းပါ . . . ရှေ့မွန်ဘုရင်မင်းမြတ်တွေ ခေါင်းဆေးမဂ်လာပြုလုပ်တဲ့ ကျွန်းလေးမို့ ခေါင်းဆေးကျွန်းလို့ ခေါ်တွင်ခဲ့တာပါ . . . ကျွန်းလေးက ထူးဆန်းတယ်ဗျာ ဘယ်လောက်မှမကျယ်ဝန်းပါဘူး ၅ ဧက ၆ ဧက လောက်ပဲရှိမယ်ဗျ ရေစီးအလွန်ကြမ်းပြီး ကျွန်းပတ်လည်မှာ ၀ဲတွေချည်းပဲ လက်ယက်လှေတွေ မသွားရဲဘူး ကျွန်းအနားကို စက်တပ်လှေနဲ့ ပဲ ကျွန်းပေါ်သွားရတယ်ဗျ ကျွန်းအောက်ခြေတည့်တည့်မှာ မြေသားက မကျယ်ပြန့်သွားပဲ . . . ကတော့ ပုံစံလို ချွန်နေတယ်လို့ လူကြီးတွေ ပြောဖူးတယ် . . . နောက်ပြီး ကျွန်းအောက်ခြေက မြေသားချည်းသက်သက် မဟုတ်ပဲ ကျောက်သားတွေနဲ့ တည်ရှိနေတာပါ . . . သံလွင်တံတားကြီးကို ကျွန်းနားက ဖြတ်ဆောက်တော့ ပိုင် တိုင်စိုက်တဲ့ အခါ အောက်မှာ မြေသားမဟုတ်ပဲ ကျောက်သားတွေ ဖြစ်နေတာတွေ့ရတယ် . . . ကျောက်ကို ခွဲပြီး ပိုင် တိုင် စိုက်ခဲ့ရတယ်လို့ ပြောတယ် . . .
ဒါက တံတာကြီးပြီးမှ တည်ဆောက်လိုက်တဲ့ မော်လမြိုင် ရထားဘူတာသစ်ကြီးပါ . . .
ဒါက မော်လမြိုင်က ကျောင်းကြို ကျောင်းပို့ စစ်ကျန်ဘတ်စကားလေ . . . ကျောင်းကြို ကျောင်းပို့ချိန် မဟုတ်ရင် တော့ လိုင်းဆွဲပါတယ် ကျောင်းကားပေါ်မှာ ကျောင်းသူလေး တစ်ယောက်ထိုင် နေတာ တွေ့ပါလိမ့်မယ် . . . ခု ရပ်နေတဲ့ ကျောင်းက ကျွန်တော် နေခဲ့တဲ့ မော်လမြိုင် အ ထ က ၆ ကျောင်းကြီးပါ . . . .
ဒါက မော်လမြိုင် သင်္ကြန် ထမင်းပါ . . . ငါးခြောက် တစ်မျိုးရယ် သရက်သီးရယ် ကြက်သွန်ရယ် ရောပြီး ချက်ထားပါတယ် သင်္ကြန်ကြော်ကို . . . ။ ထမင်းကိုတော့ ရေငှဲ့ ချက်ရပြီး အေးအောင်ထားရပါတယ် ပြီးရင် ထမင်းနဲ့ ရောစားဖို့ ရေကို ဖယောင်းနဲ့ အုပ်ပြီး ချက်ရတယ်ဗျ . . အားလုံးပြီးရင်တော့ ပန်ကန်ထဲကို ထမင်းထည့် ဖယောင်းရည်ထည့် ပြီး သင်္ကြန်ကြော်ကို ကြက်သွန်ကြော် နီနီလေးအုပ်ပြီး စားရုံပါပဲ . . . အစပ်ကြိုက်သူတွေက တော့ ငရုတ်သီးအနီတောင့်ကို ကြော်ပြီး ထည့်စားကြပါတယ် တကယ်ကောင်းတဲ့ ရိုးရာ သင်္ကြန် ထမင်းလေးပါပဲဗျာ . . . . .
ဗညားရှိန် . . . ( 30.10.09 , 9:20 AM )

20 comments:
ကိုဗညားရှိန်ရဲ့ မွေးရပ်မြို့လေးကို အလည်ရောက်ခဲ့ပါတယ်။ အပြင်မှာ တခါမှ မရောက်ဘူးသေးပေမယ့် ပုံလေးတွေနဲ့ စာလေးတွေကို ဖတ်ရတာ တကယ်ရောက်နေပြီး ဘေးကတယောက်က ရှင်းပြနေသလိုပဲ။
"မေ့မရပြီ ... သံလွင်အလှရယ် .... ကမ်းကျိုက္ခမီ သောင်ယံဦးဝယ် ... ခရုကောက်လို့ လည်မှာလည်း စွဲကာရယ် ... အကြည့်ချင်းလည်းဆုံ ... ရင်ခုန်တာတွေ ပိုနားလည် .. "
အရမ်းနှစ်သက်လို့ သီချင်းလေးပါ ဆက်ဆိုပေးသွားတယ်နော်။း))
ခင်မင်လေးစားလျှက်
အင်း သတိရရှိပါတယ်။ အလွမ်းတွေလဲ ကိုယ်ချင်းစာပါတယ်ဗျာ ကျနော်လဲ မွေးရပ်မြေကို သတိရနေတယ် ခုချိန်ဆို တန်ဆောင်တိုင်နဲ့ ကဲနေလေရဲ့း( လွမ်းတယ်
လေးစားလျက်
တောင်ပေါ်သား
း)
တယောက်တည်းဆိုတော့ ပိုလွမ်းမှာပေါ့
ငါ့သူငယ်ချင်း သနားပါတယ် ..း))
အားတင်းထား ..း)
Was here for the photos! Good post! But your post makes me miss my hometown. :( Have a good one!
ငါလဲလွမ်းဒယ်
မော်လမြိုင်မုန့်ဟင်းခါးကို
စိတ်မညစ်ပါနဲ့
ဗညားရယ်
အားတင်းထားးး
နောက် ၃ နှစ်လောက်ဘဲနေရတော့မှာ
၂၀၁၂ ဆို အကုန်တူတူသေရမှာဘဲကိုးP
နောက်တာနောက်တာ
ချိတ်ချိုးနဲ့
အစ်ကိုဗညားရေ အတူတူလွမ်းသွားတယ်ဗျာနော့် ။ မော်လမြိုင်ပြန်တဲ့အခါကျရင် ဆိုင်ကယ်နဲ့  မြို့ အနှံ့ ပတ်အုံးမယ်။ ကျနော်တို့ ပြန်တဲ့အခါကျရင် မိန်းက လက်ဖက်ရည်မှာ ထိုင်လို့ ရပါအုံးလားမသိ။ :D
ဘာပဲဖြစ်ဖြစ် အလွမ်းပြေ သွားထိုင်အုံးမှာပဲ :P
အားတင်းထား ဘရားသားရေ
နောက် မွန်ပြည်နယ်မှာရှိသေးတဲ့
ဇင်းကျိုက်မှာလည်း ရေသွားကူးအုံးမယ်
ကျိုက်ထီင်္းရိုးလည်း တက်အုံးမယ်
ကျိုက္ခမီ စက်စဲ မုဒုံကန်တော်ကြီး ကမာဝက်ဓါတ်တော်တိုက်
အများကြီး အများကြီး သွားစရာတွေ :D
စားစရာဆိုလို့  မွန်အစားအစာ ရေစိမ်မုန့် တီ (ရိုးဂိုးဘုရားရှေ့ ကဆိုင်မှာ ကောင်းတယ်) သင်္ကြန်ထမင်းကတော့ အိမ်မှာ ခဏခဏချက် :D
မော်လမြိုင်ကထွက်တဲ့ ဒူးရင်းသီ ကြက်မောက် မင်းဂွတ် စိမ်းစားဥ နာနတ် ကျွဲကော် :D
အဲဒါတွေလည်း သတိရလို့  ချရေးလိုက်တာ :P
တစ်နေ့ တော့ ပြန်ကြတာပေါ့ဗျာ :)
တလနွံ နင်လုပ်တာ သရေကျလာပီ
မော်လမြိုင်ကထွက်တဲ့ ဒူးရင်းသီ ကြက်မောက် မင်းဂွတ် စိမ်းစားဥ နာနတ် ကျွဲကော် အကုန်စားချင်ဒယ်း(
အရမ်းသွားချင်တယ်မြို့ လေးတစ်ခုပါ ကိုဗညားကြီးရေ
တစ်ခေါက်တစ်ခါလောက်တော့ ရောက်ချင်စမ်းပါဘိဗျာ
မရောက်ဘူးတဲ့  ဒေသမြင်ကွင်းလေးတွေ မြင်ရတော့ ပိုပြီးတောင်
သွားချင်စိတ်တွေ ဖြစ်မိပါတယ်ဗျာ . . .
မော်လမြိုင်ကို မရောက်ဖူးသေးဘူး... အလည်သွားချင်သေးတယ်။
မော်လမြိုင်တော့ မသိဘူး.. မော်လမြိုင်က မွန်တရုတ်တွေ ဟင်းချက်ရင်တော့ တအားကောင်းတာပဲ.. ရှလွတ်.. စားချင်လာပြီ...
း)အမေ၇ိကန်ဆေးရုံပုံလေးယူသွားတယ်နော် သားငယ်။
ကိုနတ်ဆိုး ?????
ဟုတ်ပါဘူး?????????
ကိုကိုဗညား ??????????
ဟုတ်သေးပါဘူး?????????
မောင်လေးဗညား????????????
မော်လမြိုင်သွားချင်တယ်။
ဖတ်သွားပါတယ်ရှင်
ညီလေးရေ...ဇာတိမြေဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် လွမ်းစရာတွေပြည့်နှက်လျှံကျနေတဲ့ မြစ်တစင်းဖြစ်တယ် သတိရခြင်းတွေကို တသွင်သွင်စီးဆင်းပေးစေတဲ့ မြစ်တစင်းပေါ့...
ဓာတ်ပုံလေးတွေကြည့်ပြီး လွမ်းမောစရာပါ...အလှအပတွေကို ဘယ်တော့များမှ ခံစားခွင့်ရနိုင်ပါ့....
နောင့် လဲ လွမ်းသွားတယ်...။ အားတင်းထားနော်...
မေဇင်
ညီလေးရေ
အိမ်လွမ်းသူချင်းမို့ ကိုချင်းစာပါတယ်ဗျာ
ပျော်၇ွှင်ပါစေ
မော်လမြိုင် စက်စဲဘက်ကို သုံးနှစ်သားလောက်က ရောက်ဖူးတယ်..အခု မမှတ်မိတော့ဘူး..။:P
မော်လမြိုင် နဲ့ ကျိုက္ခမီ ဘုရား ကို ငယ်ငယ်တုံးက တစ်ခေါက်ပဲ ရောက်ဖူးခဲ့ပါတယ် ။ ကျိုက်ထီးရိုးဘုရားတောင် မရောက်တာ ၁၀နှစ်နီးပါးကြာပြီပဲ .. လွမ်းစရာ အမှတ်တရ ရှုခင်းများ ၊ ဒေသထွက် အသီးအနှံ စားစရာတွေ တဝကြီး ငေးပြီး လွမ်းသွားရပြန်ပြီ ....
ဘယ်တော့ များမှ ပြန်ရောက်နိုင်ပါ့မလဲ ...လေ ။
(အမှတ်တရ များစွာအတွက် ကျေးဇူးပါပဲ ဗညား ရေ .. )
ပျော်စရာကြီးဝေးးးးးးးးးးး
တကယ်ရောက်ဖူးချင်တယ်။
Post a Comment